Part - 18

1.7K 173 12
                                    

Unicode -----

The Emperor's Concubine { 18 }
.
.
.
.
.
.
.

" အို.. အရှင်မင်းကြီး ဘယ်တုန်းကများပြန်ရောက်နေသလဲ... အဟွန်းဟွန်း "

မျက်နှာချိုလာသွေးတဲ့ Kim Tae Tae ကို
သူတစ်ချက်မှမကြည့်ပဲ Jimin လက်ကလေးကို ဆွဲယူပြီး ပြူးပြူးပြာပြာနဲ့ အသဲအသန်
လိုက်ကြည့်ရှာသည်

ကိုယ်ပြောနေတာ အဖက်လုပ်မခံရ၍
တင်းခနဲဖစ်သွားမိပေမယ့်  မျက်နှာကို
အတတ်နိုင်ဆုံးဟန်ဆောင်ချိုထားလိုက်သည်

ရှေ့တစ်လှမ်းထပ်တိုးပြီး အချိုတွေပစ်ကျွေး
ပစ်ချွဲဖို့ရည်ရွယ်လိုက်ကာမှ
Park Jimin ကိုထွေးပွေ့ထွက်သွားသော
မင်းကြီးကြောင့် Tae ဟက်ကော့ကြီး
ကျန်ရစ်ခဲ့ရသည်

" တောက်စ်...ဒီကောင်မ..ဒီကောင်မ
မရှိရင်...မင်းကြီးကိုငါရနေပြီ
ဒီကောင်မကိုဆွဲထုတ်ရမယ် "

.
.
.

အိပ်ယာခင်းပေးပြီး ၀င်လှဲခိုင်းပြီးမှ
သူပြတင်းပေါက်နား စိတ်ညစ်စွာ
လာရပ်လိုက်လေသည်

ဒီအတိုင်းဆိုရှေ့ဆက်လို့မဖစ်တော့ဘူးမှန်း
အရှင်သိနေ၍ ဘယ်လိုလုပ်သင့်လဲ
သေချာစွာစဉ်းစားပြီးသည်မှ
ခိုင်မာစွာဆုံးဖြတ်ချက်ချလိုက်သည်

မဖစ်ဘူး...ဒီတိုင်းထားလို့တော့မဖစ်ဘူး....

အကောင်းဆုံးသောအဖြေကို သူဆုံးဖြတ်ချက်ချပြီးမှ အိပ်ယာ၀င်ခဲ့၏

အိပ်စက်ဖို့ပြင်လိုက်ပေမယ့်လဲ အတွေးတွေနဲ့
ချက်ချင်းအိပ်မပျော်နိုင်

ရွာထိပ်မှာနေရတုန်းကမှ အေးရာအေးကြောင်းလေးနေခဲ့ရတဲ့မိန်းကလေး
သူ့အချစ်တွေကြားထဲပူလောင်စွာနေခဲ့ရတော့
သူ့ကိုယ်သူလိပ်ပြာမလုံပဲ စိတ်ပျက်မိတယ်

နည်းအမျိုးမျိုးနဲ့ ညှင်းပန်းခံခဲ့ရတဲ့မိန်းကလေး
ဘယ်လောက်ဖြူစင်လဲသူသာအသိ...
သူတင်မကပါဘူး အလင်း၀င် လာတဲ့သူ့အကြောင်းတိုင်းသူပြည်သားတွေပါသိတယ်...
ဒါကိုများဘာလို့ ဒီမိန်းကလေးကိုမှ
ညှင်းဆဲချင်နေရတာလဲ
သူဖြင့်စဉ်းစားလို့ကိုမရဘူး...

ညဉ့်နက်တဲ့အထိသူအတွေးတွေနဲ့
ခါးသက်သက်ဖစ်နေခဲ့ရပြီး
သူ့ကိုကျောခိုင်းပြီး အိပ်မောကျနေတဲ့
ကိုယ်လုံးလေးကို နစ်နေအောင်ဖက်ကာ
အိပ်စက်ဖို့ကြိုးစားလိုက်သည်

The Emperor's Concubine ( U+Z ) [ Complete ]Donde viven las historias. Descúbrelo ahora