Part - 16

1.7K 173 14
                                    

Unicode -----

The Emperor's Concubine { 16 }
.
.
.
.
.
.
.

လရောင်မိုက်မိုက်ညခင်းတစ်ခု
ကျီစယ်ရိုက်ခတ်လာသော
လေညှင်းလေးတွေ ဆံနွယ်ရှည်တွေကို
တိုးတိုက်နေသည်

ပုခုံးလေးထက်မှာရို့ရို့လေးမှီ၍
ကောင်းကင်ကြီးကို ရင်ခုန်သံတွေများစွာနဲ့
ငေး၍ ကြည့်နေရင်း
ငြိမ်သက်နေတဲ့အသက်ရှုသံသဲ့သဲ့နဲ့လူကို
မျက်၀န်းပြာလေးနဲ့မော့ကြည့်ကာ
ကြည်နူးခြင်းအပြုံးနဲ့ကြည့်မိသည်

မည်းနက်နက်မျက်ခုံးအောက်က
နက်ရှိုင်းတဲ့မျက်၀န်းနက်နက်တွေက
ညို့ချက်အားပြင်းထန်နေ၏

အမြဲအလိုလိုတင်းစေ့ထားသည့်
နှုတ်ခမ်းညိုတွေက ပါးလျလျနဲ့
သူ့မျက်နှာနဲ့အားလုံးကလိုက်ဖက်လွန်းပါတယ်

အရပ်ကြီးကအရှည်ကြီးဖစ်ပြီး
ဘုရင့်ဂုဏ်တော်နဲ့ သိပ်လိုက်ဖက်လွန်းတဲ့သူ

တစ်ချိန်ကမိစ္ဆာဘုရင်ဆိုတဲ့ ဂုဏ်ပုတ်က
မပျောက်ကွယ်သွားပေမယ့်လဲ
နတ်သူတော်ဆိုတဲ့ ဂုဏ်ထူးတော်တစ်ပုဒ်က
ကမ္ဘာတစ်ခွင်လုံးဟိန်းဟိန်းတောက်တောက်
ဖစ်လာခဲ့လေတယ်

လူတစ်ယောက်က အချစ်နဲ့တွေ့ရင် အမှောင်လမ်းကို အလင်းဖောက်မြင်နိုင်တယ်ဆိုတာ
Min မျက်စိမှိတ်၍ လက်ခံထားမိပါတယ်

သူတကယ်ပြောင်းလဲသွားတယ်လေ...
အဲ့တာသက်သေ...

{ A/N : ရှင့်အတွက်ကျွန်မနှလုံးသာက ကျောက်ခဲပမာအေးစက်မာကျောနေမှာ အဲ့တာဘယ်သူပြောခဲ့တာပါလိမ့် ဒါဒါတို့ကောမှတ်မိကြသေးလား🙂 }

အရာရာကို ဓားနဲ့ပဲကိစ္စဖြတ်တတ်တဲ့
အရှင်မင်းကြီးက အခုတော့ ပန်းပွင့်တွေရဲ့
ရနံတွေကို သူသေချာခံစားတတ်လာခဲ့ပြီ

ကြင်နာတတ်လာတာ
တိုင်းသူပြည်သားတွေအသိ......

ခေတ်အဆက်ဆက်ကအုပ်စိုးလာခဲ့တဲ့
ချိုမြိန်ခြင်းများ ပြန်လည်တောက်ပစိုပြေလာခဲ့တာ Jimin ရဲ့အချစ်တွေနဲ့ပြန်လည်ပျိုးထောင်ပေးတယ်ဆိုတာ
တစ်တိုင်းပြည်လုံးကပြောဆိုသံချိုချိုလေးတွေ

အားလုံးရဲ့တောင်းဆိုမှုတွေကို
သူလက်မခံခဲ့တာက အရှင်မ Jimin ရဲ့မျက်နှာ
လှလှလေးကို မြင်တွေ့ချင်နေကြတဲ့ ကိစ္စဖစ်လေသည်

The Emperor's Concubine ( U+Z ) [ Complete ]Tahanan ng mga kuwento. Tumuklas ngayon