Part - 3

3K 258 9
                                    

Unicode -----

The Emperor's Concubine { 3 }
.
.
.
.
.
.
.

နဂါးပုံကနုတ် ရွှေဝါရောင်တောက်တောက်ပေါ်သူထိုင်လိုက်စဉ် အားလုံးဝေ့ယမ်း မှောက်လျက်အရိုအသေပေးကြသည်

လက်ပြလိုက်ရုံနဲ့အားလုံးကပြန်ထလာပြန်သည်

အမတ်များသီးသန့်ရပ်နေတဲ့နေရာက အသားညိုညိုအမတ်တစ်ဦး အရှင့်ဆီ ဦးညွှတ်ပြီး

" နယ်စပ်က သူပုန်တွေ နန်းတော်ထဲခိုး၀င်နေကြပြီလို့ သိထားပါတယ်အရှင် "

" အော် အဟက် ...၀င်ပါစေ
ထွက်လမ်းမရှိအောင်ငါလုပ်ပေးမယ် "

" အရှင် ရွာကဆင်းရဲသားတွေ
မြို့ထဲ၀င်ရောက်ဖျက်စီးပြီး
အစာရေစာတွေခိုးစားနေကြပါတယ်
အဲ့အတွက် တရားမျှတမှုရှိပေးရန်
အနူးအညွှတ်တောင်းဆိုပါတယ် "

" ဘာကိုတရားမျှတမှုလဲ
ဘာ‌တွေလိုချင်နေတာလဲ
ဓားပြတိုက် ခိုးစားကြတော့ရော
ကောင်းသလား အရှင်ဆုံးဖြတ်တာပဲ
အားလုံးနာခံကြ "

Hayu  ၀င်ပြောတော့ ဘုရင်မျက်နှာချီထားလျက် အားလုံးကိုဝေ့ပတ်ကြည့်ပြီး
သူ့ဘေးနားပုလ္လင်အမြင့်ပေါ်က Jimin. လေး
ရှိမနေတာသိသွားတော့ ဒေါသတွေ
ဆူပွတ်လာသည်

ခေါင်းတငြိမ့်ငြိမ့်နဲ့ မျက်နှာပျက်နေတဲ့
အမတ်ကိုကြည့်ပြီး ပြောလိုက်သည်

" အကုန်သက်ပစ်....ငါအုပ်စိုးတဲ့နေရာမှာ
ဘယ်သူပုန်...သူခိုး ...ဓားပြမှ ငါမလိုချင်ဘူး "

အမတ်နဲ့အတိုင်ပင်ခံတွေ
အခြွေအရံများအားလုံး ပါးစပ်အဟောင်းသား
ဖစ်သွားကြပြီး ဆက်ပြောဖို့လဲ
ဘယ်သူမှအရဲမစွန့်ရဲ

မိစ္ဆာဘုရင်ဆိုတဲ့ သူရဲ့လက်ထပ်မှာ
အရာအားလုံးကို ဓားနဲ့ဖြေရှင်းနေကြ

ဒုတိယမြောက်မိဘုရားဖစ်တဲ့ Hayu က
ဘုရင်းမင်းကြီးထက်ပိုကြောက်စရာကောင်းလှသည်
ပထမ မိဘုရား Hobi ကတော့
ထိုကဲ့သို့မရက်စက်ပဲ စိတ်သဘောထားအလွန်ပြည့်၀လှသည်

လူတိုင်းနီးပါး
မိဘုရား Hobi ကိုသဘောကျပေမယ့်
မိဘုရား Hayu ကိုတော့ စိတ်ပျက်ခဲ့ကြသည်
အရှင်ကိုတော့ အရင်ကတည်းက မည်သူမှ
မတော်လှန်ရဲခဲ့ကြပေ

The Emperor's Concubine ( U+Z ) [ Complete ]Wo Geschichten leben. Entdecke jetzt