Part - 11

1.8K 184 10
                                    

Unicode -----

The Emperor's Concubine { 11 }
.
.
.
.
.
.
.

ဓားအိမ်ပါဓားကို ခါးမှာထည့်ထားပေမယ့်
လက်နဲ့လဲကိုင်ထားရင်း
namjoon ကရုန်းကသုန်း အရှင်မင်းကြီးဆီပြေးလာသည်

အခါးရေသောက်နေရာက စိုးရိမ်ပြာပြာ
Namjoon ကိုတည်တည်ငြိမ်ငြိမ်ပင်မေးငေါ့မေးလိုက်ရာ
ဟောဟဲဖစ်နေတဲ့ namjoon အနားတိုးပြီး အရိုအသေအရင်ပေးကာ နားနားကပ်၍
ခပ်တိုးတိုးပြောလိုက်သည်

!! ခွမ်း !!

ကွဲကျေသွားတဲ့ အကြမ်းရေခွက်ကို namjoon
ကြည့်ပြီး ဒေါသတော်တွေထွက်နေတဲ့
အရှင့်ကို အရိုအသေပေး၍
နေရာကထွက်သွား၏

ဘယ်သူပဲငါ့ကြင်ယာတော်ကိုထိထိ အသေဆိုးနဲ့သေရမယ်

အရောင်တောက်နေတဲ့မျက်၀န်းတွေ မီးကျီခဲပမာပူကာ ဒေါသပုန်အငွေ့တွေသောက်သောက်လဲ
ဒူးတစ်ဖက်ထောက် ဒူးပေါ်လက်တင်၍ ဘေးစောင်းသူထိုင်နေရာက ထလိုက်ပြီး
လက်နှစ်ဖက်နောက်ပစ်လိုက်သည်

ခါးကိုမော့၍အကျဥ်းတန်စွာမဲ့ပစ်ပြီး
ဟက်ခနဲနေအောင် သူရယ်မောသည်

ဘာကြောင့်များ မင်းကို ဒုက္ခပေးတဲ့သူတွေ
များနေရတာလဲ....
သူမဒီလောက်ဖြူစစ်ရိုးသားတာ
သူမကြောင့်သူတောင် ကြင်နာတတ်ခဲ့တာ
သူတစ်ပါးကိုကူညီဖေးမတတ်တဲ့မင်းကို
ဘာကြောင့်ကြောင့်ဒုက္ခပေးချင်နေကြတာလဲမသိဘူး....
အဲ့လိုလူတွေအားလုံးသေရမယ်....

.
.
.

လူခြေတိတ်ဆိတ်နေတာကိုအခွင့်ကောင်းယူပြီးJimin အခန်းထဲ Hayu ခိုး၀င်လာခဲ့၏

ဒီတစ်ခါသူမအတွက် ကိစ္စနှစ်မျိုးလုပ်ဖို့ဖစ်သည်

ပထမတစ်ချက်က Jimin ရဲ့ကိုယ်၀န်ပျက်အောင်လုပ်ဖို့နဲ့ ဒုတိယတစ်ချက်ကတိုင်းတစ်ပါးက တိတ်တိတ်ပုန်းချစ်ကျွမ်း၀င်ခဲ့မိတဲ့
ရွာသားလေး rain ဆိုသူအတွက် ဘုရင့်တံဆိပ်တုံး ခိုးပေးဖို့

ဒီလတွေအတွင်း သူမစိတ်ကိုနားလည်ပေးနိုင်တဲ့တစ်ဦးတည်းသောအစေအပါးရဲ့သားတော် rain နဲ့ မထင်မှတ်စွာဆုံတွေ့ပြီးနောက်
သူမအချစ်စစ်ကိုရှာတွေ့သွားခဲ့တယ်ဆိုတာ
သူမနှလုံးသားကလက်ခံလာခဲ့သည်

The Emperor's Concubine ( U+Z ) [ Complete ]Where stories live. Discover now