Unicode
"အန်တီလေး ကျွန်တော် ဒီနေ့အန်တီလေးဆိုင်မှာ ခေါင်းလျှော်ရင်းဆံပင်ပုံစံနဲနဲချိန်းမလို့ ။"
မနက်စာစားချိန်မှာ ရိပေါ်က ရှောင်းကျန့်ရဲ့အဒေါ်ဖြစ်သူကို ပထမဆုံးစကားစပြောလိုက်သည်။ တွေ့ကတည်းကပထမဆုံးပြောဖြစ်တာမို့ အန်တီလေးတောင်အံ့ဩနေသယောင် ။ ရှောင်းကျန့်နဲ့ပတ်သက်ပြီးလိုအပ်မယ်ထင်လို့ ရိပေါ်ကအခုကတည်းက သေချာပြင်ဆင်းထားတာ ။
"လာခဲ့လေ ရိပေါ် အန်တီလေးမရှိပေမဲ့ ဝန်ထမ်းတွေကိုသေချာမှာပေးထားမယ် ။"
သူမရဲ့ယောကျာ်းထောင်ပေးထားတဲ့ အလှ ပြင်ဆိုင်က ပေကျင်းမှာဆို နာမည်ကြီးပါပဲ။ ဒါမဲ့ သူမက အလှပြင်ဆိုင်မှာနေလေ့မရှိဘူး ။
"ဟုတ်.."
"ကိုရီးယားဘယ်တော့ပြန်မလဲ ငါ့တူက "
အန်တီလေးပြင်ပေးတဲ့ ပေါင်မုန့်ယိုသုပ်ကိုဝါးနေရင်း ရိပေါ်က မကျေမနပ်နဲ့ထပြောသည်။
"ဦးဦးကလဲ ရောက်တာမှမကြာသေးတဲ့သူကိုနှင်နေတာလား။လည်လို့ဝမှပြန်မှာဗျ ။"
ထိုသို့ပြောလိုက်တော့ ဦးဦးက စိတ်ပျက်နေသလိုပုံစံနဲ့ကြည့်လာသည်။
"မင်းဟာလေ..မပြောလိုက်ချင်ဘူး ။ပြန်ရင် မင်းအမေ ငါ့မရီးအတွက် လက်ဆောင်ပြင်ပေးမလို့ကွ။ "
"ဟီး..အဲ့လိုလား မသိဘူးလေဗျာ ။"
ရှောင်းအန်းမီက တူးဝရီးနှစ်ယောက်ကိုပြုံးပြုံးလေးကြည့်ရင်း...
"အန်တီလေးလဲ ယောင်းမလေးအတွက်လက်ဆောင်ပေးမလို့ ပြန်ခါနီးသတိပေးဦးနော်ရိပေါ် ။"
"စိတ်ချပါဗျ "
"ဒီမှာနေရင်လဲ အားအားနေမနေနဲ့ ကုမ္ပဏီလာဦး ။ငါကြီးပဲဦးဆောင်နေရတာ ။မင်းနဲ့လဲဆိုင်တယ်ဆိုတာ သတိရဦး ။"
ဦးဦးစကားကို ရိပေါ်က နှာခေါင်းရှုံ့လိုက်ပြီး...
"ကျွန်တော်မလိုချင်ပါဘူးလို့ ပြောပြီးပြီလေဗျာ..ရိချန်ရှိတာပဲ သူ့ခိုင်းပါ့လား ။"
"အဲ့ကောင် ဝမ်ရိချန်က သူ့ကြီးကြီးအိမ်မှာပဲနေတော့တာ တစ်လနေလို့တစ်ခါတောင်ဒီဘက်အိမ်ပြန်မလာဘူး ။ဟိုက သားသမီးမရှိတိုင်းသူ့ကိုအလိုလိုက်ထားတာကို ။"