Unicode
ရှဲယွမ်က ခေါင်းကိုကုတ်လိုက် နားထင်ကိုလက်ညိုးနဲ့ခြစ်လိုက်လုပ်နဲ့ စိတ်ရှုပ်နေသည် ။ သူ့အရှေ့မှာရပ်နေတဲ့ မိန်းကလေးက ဓာတ်ပုံကျတော့ပုံလှလှလေးထွက်ချင်နေပြီး သူများနေခိုင်းတဲ့အတိုင်းလဲမနေ ။ဓာတ်ပုံထွက်လာရင်ကျ စိတ်တိုင်းမကျဘူးဆိုပြီးပြန်ရိုက်နေရတာ သုံးလေးခါမကတော့ ။ နဂိုရှိမှနဂိုင်းထွက်ဆိုသလို ထော်လန်နေတဲ့ရုပ်ကလှမယ်တဲ့လား ။စိတ်ညစ်တာပါပဲ....
"ရှဲယွမ်...မပြီးသေးဘူးလား ။အစ်ကို အခုမှအလုပ်လေးတစ်ခုပေါ်လာလို့ အပြင်သွားရဦးမယ် ။ဆိုင်ကြည့်ထားဦးနော် ။"
ကင်မရာတစ်လုံးနဲ့အပြင်ထွက်ဖို့လုပ်နေတဲ့ ဆရာဖြစ်သူအနား အမြန်သွားလိုက်ပြီး ကျိုးကြောင်းအစုံရှင်းပြကာ ကူညီဖို့ပြောရသည် ။မဟုတ်ရင် ဆရာဖြစ်သူအပြင်ကပြန်လာရင်တောင် ဓာတ်ပုံရိုက်တာကပြီးဦးမှာမဟုတ်ပေ။
ဂါဝန်အရှည်အနီကြီးက ပေါင်လယ်အထိခွဲထားတဲ့ ဝတ်စုံနဲ့သူမဆီကိုလျှောက်သွားလိုက်ပြီး...
"ညီမ..ဓာတ်ပုံက ရိုက်တဲ့သူနေခိုင်းတဲ့အတိုင်းနေမှ ပုံအလှလေးထွက်လာလိမ့်မယ် ။ဒီလိုမှမဟုတ်ဘဲ ပေးချင်တဲ့poseပေးပြီး ညီမကစိတ်တိုင်းမကျရင်တော့ အစ်ကိုတို့လဲမတတ်နိုင်ဘူးလေ။ အစ်ကိုတို့က ညီမတစ်ယောက်ထဲနဲ့အလုပ်လုပ်နေတာမဟုတ်ဘူး ။အဲ့တော့ ပုံလှချင်ရင် ရိုက်သူနေခိုင်းတဲ့အတိုင်းနေပါ။ မကျေနပ်ဘူး မရိုက်တော့ဘူးဆိုလဲ သဘောပါဗျ ။"
ဟိုဘက်ကပြောတာတွေက အမှန်တရားတွေမို့ သူမကငြိမ်ငြိမ်လေးပဲ လက်ခံလိုက်သည် ။စကားပြောနေချိန် မျက်နှာချောချောလေးကိုလဲအဝငမ်းလိုက်ရတယ်လေ ။
ဆရာထွက်သွားတော့ ရှဲယွမ်က ထော်လန်မနဲ့ ဓာတ်ပုံရိုက်ဖို့ပြင်ရပြန်သည် ။
💦
"အခုလို ယုံယုံကြည်ကြည်နဲ့လက်တွဲပေးလို့ ကျေးဇူးတင်ပါတယ် စုန့်ကော ။"
"အကျိုးမြင်လို့ညောင်ရလောင်းဆိုသလိုပေါ့ကွာ ။Wနဲ့လက်တွဲလိုက်လို့ ကောတို့ဘက်ကနစ်နာစရာလဲရှိမှမရှိတာ ။ကျေးဇူးတင်စရာမလိုပါဘူး ။"