Unicode
ဝမ်ရိပေါ်က သူ့ကိုဖွင့်ပြောပြီးနောက်ပိုင်းမှာ ပုံစံအမှန်တိုင်းပဲနေထိုင်လာသည် ။သူ့ကောင်လေးက suitတွေနဲ့ဆိုသိပ်မိမိုက်သလို ရိုးရိုးအိမ်နေရင်းဝတ်စုံနဲ့တောင် အချောမပျက်ပါချေ ။
ဒီနေ့နဲ့ဆို သူတို့ချစ်သူဖြစ်တာ (၁၅)ရက်ရှိပြီပေါ့ ။ဝမ်ရိပေါ်က သူ့ကိုအရမ်းလဲဂရုစိုက်သလို ချစ်ကြောင်းတွေလဲတွေ့တဲ့အချိန်တိုင်းတဖွဖွပြောတတ်သေးသည် ။ဝမ်ရိပေါ်က သူ့ကိုတကယ်ချစ်တယ်ဆိုတာ ရှောင်းကျန့်ကစိတ်ရင်းနဲ့ခံစားမိပါသည် ။သူလဲပဲ ဝမ်ရိပေါ်ကိုအရမ်းချစ်တာပဲလေ။ တွေ့တာမကြာသေးပေမဲ့ အဓိကက ချစ်နေဖို့ပဲမလား ။
မနက်ဖြန်ဆိုရင် ဝမ်ရိပေါ်က ကိုရီးယားပြန်တော့မှာဖြစ်သည် ။ဖြစ်နိုင်ရင် သူ ဝမ်ရိပေါ်နဲ့မခွဲချင်သေးဘူး ။အခုမှချစ်စခင်စ ကြင်နာစလေနော် ။ဒါမဲ့Faဖြစ်တဲ့ မင်းတို့ကဘယ်နားလည်ပါ့မလဲလေ။ ဝမ်ရိပေါ်နဲ့ခွဲရမှာ သူ့အတွက်တော့ တကယ်ခြောက်အိမ်မက်လိုပဲ။
ရိုက်ထားပြီးသားဓာတ်ပုံတွေကို ဆေးစိမ်နေရင်း ရှောင်းကျန့်ကအတွေးများနေသည် ။ဒီဓာတ်ပုံတွေက မနက်ဖြန်လာရွေးကြတော့မှာ ။ရှဲယွမ်ကိုတော့ သူပြန်ခိုင်းလိုက်တာကြာပေါ့ ။
"ကျန့်ကော...ကိုယ်ရောက်ပြီ "
ရိပေါ်က သူ့ကိုယ်သူ ကျွန်တော်မဟုတ်တော့ဘဲ ကိုယ်ဆိုပြီးပြောင်းသုံးလာသည် ။သူက ကျန့်ကောထက် ပိုရင့်ကျက်နေမှဖြစ်မည်လေ။ ဒါမှ ကျန့်ကောလဲအားကိုးချင်မှာပေါ့။အသုံးအနှုန်းနဲ့တင် သူကအားကိုးထိုက်သူကြီး ။
"အင်း ခနလေးထိုင်စောင့်ဦးနော်..."
"ဟုတ်ကဲ့ "
ရှောင်းကျန့်က ဓာတ်ပုံတွေကိုသေချာသိမ်းလိုက်ပြီး သူ့လက်ကိုင်အိတ်ထဲသူ့ပစ္စည်းတွေအကုန်ထည့်လိုက်ကာ ရိပေါ်ရှိရာဆီလာခဲ့လိုက်သည် ။
"လာပါဦး..ကိုယ်လွမ်းနေတာ ။ကျန့်ကောရဲ့ကိုယ်သင်းနံ့လေးမွှေးပါရစေဦး ။"
ရိပေါ်က ကျန့်ကောကိုသူ့ပေါင်ပေါ်ဆွဲတင်လိုက်ကာ သူ့မျက်နှာလေးကို ကျန့်ကောရဲ့လည်ပင်းနားမှာပွတ်ကာသီကာလှုပ်နေလိုက်သည် ။လာဗင်ဒါရနံ့သင်းသင်းလေးက သူ့ခေါင်းကိုကြည်လင်စေသည် ။