Part-4

1.9K 174 0
                                    

Unicode

ဦးဦးဝမ်က ရိပေါ်မပြန်ခင်လေး မိသားစုနဲ့ထမင်းထွက်စားချင်တယ်ဆိုလို့ ဝမ်Group ပိုင်ဟိုတယ်တစ်ခုမှာ နေ့လယ်စာလာစားကြခြင်းဖြစ်သည် ။ညနေကိုမအားဘူးဆိုတဲ့ ဝမ်ရိချန်ကြောင့်  နေ့လယ်ချိန်ယူလိုက်ကြခြင်းဖြစ်သည်။

ဦးဦးက စားပွဲထိပ်မှာထိုင်ပြီး အန်တီလေးက ဦးဦးရဲ့ဘယ်ဘက်ခြမ်းမှာထိုင်ကာ ရိပေါ်တို့နှစ်ယောက်က စားပွဲရဲ့ညာဘက်ခြမ်းမှာနေရာယူလိုက်ကြသည် ။

"ရိချန်..ဘယ်တော့အိမ်ပြန်လာမယ်စိတ်ကူးလဲ ။"

"ဟာ..ပါးကလဲ အဖော်မရှိဘူးဆိုတုန်းကလဲမရှိဘူးဆိုပြီးပြန်ခေါ်..ဟော မေမေလေးရှိတော့လဲ ခေါ်နေပြန်ပြီ။ မေမေလေးနဲ့အေးဆေးနေပါဗျာ ။သူများအတွဲကြား သားမနှောင့်ယှက်ချင်ပါဘူး "

ထမင်းကြီးပလုတ်ပလောင်းနဲ့ရိချန်စကားကြောင့် ဦးဦးကအကြည့်စူးစူးတွေပို့နေပြီး အန်တီလေးကတော့ ရှက်ရှက်နဲ့ထမင်းကြီးငုံ့စားနေသည် ။

"ငါ ကိုရီးယားပြန်ရင်လိုက်ခဲ့ပါလား ရိချန် အလည်ပေါ့ ။"

"နိုး..နိုး မလိုက်နိုင်ပါဘူး ။ငါ့အချစ်နဲ့မခွဲနိုင်ဘူး။ ငါတို့ယူပြီးမှ အတူတူလာလည်မယ်လေ။ "

'ဒေါက်'

ဦးဦးက ဇွန်းကိုင်ထားရင် ကျန်လက်တစ်ဖက်နဲ့ ရိချန်ရဲ့ခေါင်းကိုထုချလိုက်သည် ။

"အား..!နာတယ် ပါးရ"

"နာအောင်ထုတာ‌လေ.. အဲ့အချစ်ပဲလုပ်နေ..အလုပ်ဆိုစိတ်မဝင်စားဘူး ။မင်းကောင်လေးက ငါ့ကုမ္ပဏီမှာအလုပ်လုပ်ပြီး ငါ့သားဖြစ်တဲ့မင်းက လေးလေ လေးလေနဲ့လေလွှင့်နေတာ ကောင်းသလား ။ဟိုက မင်းကိုဘယ်လိုအားကိုးမလဲ ။"

"ဟုတ်တယ် ဦးဦး ခုကတည်းကဆုံးမထားမှတော်ကာကျမှာ ရိချန်က "

"ဟွန့်..ငါ့ကိုချည်းပဲဆေးထိုးမနေပါနဲ့ မင်း..ရှောင်းကျန့်ကောကို လိုချင်လို့ မေမေလေးကိုကပ်နေတာလဲထည့်ပြောဦး ။"

သူတို့စကားဝိုင်းကိုဘာမှဝင်မပြောဘဲအေးဆေးပြုံးပြုံးလေးပဲထိုင်နားထောင်နေတဲ့ အန်တီလေးက အံ့ဩသလိုကြည့်လာတော့ ရိပေါ်ကပြုံးပြလိုက်ရသည် ။စားပွဲအောက်က ရိချန်ရဲ့ခြေထောက်ကိုတော့ အားရပါးရတက်နှင်းပစ်လိုက်သည် ။ဆေးထိုးကောင်...

My Boyfriend Is CEOWhere stories live. Discover now