Extra(2)

2.8K 190 11
                                    

Unicode

"အားကျန့်..ဟိုရောက်ရင်အစစအရာရာဂရုစိုက်နော်။ ဟိုကနေရာစိမ်းတွေ ရိပေါ်မပါဘဲလျှောက်မသွားနဲ့နော် ။"

"ဟုတ်ကဲ့ပါ ဒေါ်လေး‌ရောဂရုစိုက်နေပါ။ "

ဒေါ်လေးကမျက်ရည်လေးဝဲရင်း ရှောင်းကျန့်ကိုသတိပေးရှာသည် ။ဒေါ်လေးက သူ့ကိုသားတစ်ယောက်လိုပင်သဘောထားတာ ။

"ဟေ့ဟျောင့် ရှောင်းကျန့် ။ဟိုရောက်ရင်ဖုန်းလဲဆက်ဦးနော် ..ငါ မင်းကိုသတိရနေတော့မှာပဲကွာ ။မင်းကကွာ..."

ရှန့်ဟောင်က မျက်ရည်တွေကျပြီး ရိချန်ရဲ့ရင်ခွင်ထဲတိုးဝင်သည် ။ရိချန်ကလဲ လူကြီးတစ်ယောက်လိုပင် ရှန့်ဟောင်ကိုနှစ်သိမ့်ပေးနေသည် ။ဝမ်ကျိုးလဲ့မှာ သူ့သားရဲ့ပုံစံကြီးကြောင့်သွေးအန်ချင်နေပြီ။

"အင့်...ဆက်မှာပါကွ...ငါလဲ မင်းတို့နဲ့မခွဲချင်ပါဘူး"

ကျန့်ကောရဲ့ပုလဲဉလေးတွေကို ဘေးနားကနေသုတ်ပေးရင်း ရိပေါ်မှာလဲစိတ်မကောင်း ။

"ဒါဆို ကျွန်တော်တို့ကိုခွင့်ပြုပါဦးဗျ ။ဦးဦး..သွားပြီနော်"

"မရီးကိုရော ဒီအလည်လာဖို့ပြောလိုက်ဦး ။မင်းအန်တီလေးနဲ့လဲတစ်ခါမှမတွေ့ပေးရသေးဘူး ။"

"ဟုတ်ကဲ့"

"အားကျန့်..ဒီလာပါဦး ။"

ဒေါ်လေးက သူ့ကိုပွေ့ဖက်လိုက်ပြီးမှာတော့ သူ့လည်ပင်းပေါ်မှာဆွဲကြိုးလေးတစ်ကုံးက နေရာယူသွားသည် ။

"ဒေါ်လေးဒီဇိုင်းဆွဲပြီး အားကျန့်အတွက်လုပ်ထားတာ ။မနေ့ကမွေးနေ့မှာမပေးလိုက်ရဘူး ။"

"ကျေးဇူးပါဗျ..ဒေါ်လေး ။အစစအရာအတွက်။ "

ဒေါ်လေးက နားလည်သလိုခေါင်းလေးငြိမ့်ပြသည် ။ကျန့်ကောတို့စကားပြောပြီးသည်အထိ ရိပေါ်ကစိတ်ရှည်ရှည်နဲ့စောင့်ပေးသည် ။

"ကျန့်ကော..သွားစို့ "

"အင်း.."

လေယာဉ်ပေါ်ရောက်တော့ ကျန့်ကောက သူ့ရင်ခွင်ထဲ ကလေးလေးတစ်ယောက်လိုတိုးဝင်ပြီးငိုသည်။ ရိပေါ်က ကျန့်ကောရဲ့ဆံပင်နုနုလေးကို သပ်ပေးနေသည် ။သူ မတားချင်ပါ ငိုပါစေ ။

My Boyfriend Is CEOWhere stories live. Discover now