Final

2K 162 1
                                    

Unicode

အန်တီလေးက လက်စွပ်မှာထားတာ လာယူလို့ရပြီဆိုလို့ ရိပေါ်က ကုမ္ပဏီမဝင်ခင် အန်တီလေးဆိုင်ကိုအရင်ဝင်လိုက်သည် ။

"အန်တီလေး.. လက်စွပ်လာယူတာ "

"လာ..ရိပေါ်ထိုင်ဦး ။မိုမိုရေ.. အစ်မအံဆွဲထဲသပ်သပ်ထည့်ထားတဲ့ လက်စွပ်လေးတွေယူလာပေးပါဦး "

ရိပေါ်ကို ထိုင်ဖို့ညွှန်ရင်း သူမက ဆိုင်ဝန်ထမ်းမလေးကို ငြင်သာစွာပြောလိုက်သည် ။

"ကုမ္ပဏီမသွားခင် ဒီအရင်ဝင်ခဲ့တာလား "

"ဟုတ်တယ်ဗျ "

"ကော်ဖီသောက်မလား အန်တီလေးဖျော်ခိုင်းလိုက်မယ်လေ ။"

မိုမိုပေးလာတဲ့ လက်စွပ်ဗူးလေးကို ရိပေါ်ဆီထိုးပေးရင်း သူမကပြောလိုက်သည်။

"တော်ပြီ အန်တီလေး ကျွန်တော်မသောက်တော့ဘူး "

"စိတ်တိုင်းကျရဲ့လား ကြည့်လိုက်ပါဦး "

လက်စွပ်ဗူးလေးကိုဖွင့်လိုက်ပြီး ရိပေါ်က တစ်ကွင်းချင်းစီသေချာစူးစိုက်ပြီးကြည့်လိုက်သည် ။ဒီဇိုင်းလေးကသူလိုချင်တာနဲ့ကွက်တိပဲ ။လက်စွပ်ကွင်းအပေါ်မှာ အသဲပုံလေးနဲ့ အသဲပုံပေါ်မှာမှ စာလုံးလေးထွင်းထားသည် ။တစ်ကွင်းမှာက Wဖြစ်ပြီး အကွင်းကနဲနဲသေးကာ တစ်ကွင်းမှာကZဆိုတဲ့စာလုံးအပြင် အောက်နားလေးမှာအမဲစက်လေးတစ်ခုနဲ့ ကွင်းလဲပိုကြီးသည်။

"အရမ်းသဘောကျတယ်ဗျ။ ကျွန်တော်လိုချင်တာနဲ့ကွက်တိပဲ ။ကျေးဇူးပဲ အန်တီလေး ။"

"ရိပေါ်ကြိုက်ရင် ရပါပြီ ။ဒါနဲ့..."

သူမက အားကျန့်နဲ့ပတ်သက်လို့ ရိပေါ်ကို သေချာလေးတော့မေးချင်ပါသေးသည် ။

"ဟုတ်..အန်တီလေး ပြောလေ ။"

"အားကျန့်ကိုတစ်သက်လုံးလက်တွဲနိုင်လို့လား။ နောက်ပိုင်းကျရင် အဆင်မပြေတာတွေအများကြီးရှိလာမယ်ထင်တယ် ။အားကျန့်နဲ့က အသက်လဲအတော်လေးကွာတော့လေ။ နောက်ပြီး ရိပေါ်မိဘတွေသဘောရောရှိသေးတယ်မလား ။ဒါကြောင့်လေ အဆုံးထိမဟုတ်ရင် အန်တီလေးတော့ ရှေ့ဆက်မတိုးစေချင်ဘူး ။အားကျန့်က တကယ့်နုနုလေးရယ် ။သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး ။"

My Boyfriend Is CEOWhere stories live. Discover now