Ch-2

1.2K 132 5
                                    

Ch-2

သို့သော် ကြောက်လန့်နေတဲ့ ယုန်လေးတစ်ကောင်လို ဖြစ်နေတဲ့ သူမကို ဆက်ပြီးကြည့်မနေနိုင်တော့။ ဒီကလေးရဲ့ရှေ့မှာ မတ်တပ်ရပ်စဉ် မည်သို့ပင် သန်မာနေသော ယောက်ျားတစ်ယောက်ဖြစ်နေစေကာမူ မည်သို့ပင် အေးစက်နေပါစေ မသိစိတ်တွင် ပိုမိုနူးညံ့လာလိမ့်မည်။ထို့ကြောင့် သူမနှင့် စကားစမြည် ပြောရန် ကြိုးစားခဲ့သည်။

"အသက်ဘယ်လောက်ရှိပြီလဲ?

"၇ နှစ် "

"သူမနဲ့ သမီးရဲ့ဆက်ဆံရေးကဘာလဲ"

" အမေ။"

"သမီး ရဲ့ အဖေကော။ သူ့ဖုန်းနံပါတ်ကိုသိလား သမီးရဲ့ အဖေကို ဦးလေးတို့ ဖုန်းခေါ်ချင်ရင် ဘယ်လိုလုပ်ရမလဲ"

ကလေးမလေးက သူ့မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျလာသည်။ - "အဖေက အဒေါ်တစ်ယောက်နဲ့ သွားပြီ ။ အမေက ပြန်မလာတော့ဘူးလို့တော့ ပြောတယ်။"

ထောင်ရူန်း တခဏတန့်သွားသော်ငြား သူမ၏မိခင်နာမည်နှင့်သူ့ဖခင် ဖုန်းနံပါတ်ကိုမေးခဲ့သည်။ ထို့နောက် သူမ၏ အဖေထံ ဖုန်းဆက်သည်။

သို့သော် ထိုယောက်ျားမှ စိတ်တိုနေသောလေသံဖြင့် – "ငါ အဲဒီမိန်းမနဲ့ ကွာရှင်းပြီးပြီ။အဲမိန်းမ အရွယ်ရောက်နေပြီပဲ သူ့ကိုယ်သူ ဂရုမစိုက်နိုင်ဘူးလား? ငါ့ကို လိုက်မရှာပါနဲ့တော့လို့ ပြောလိုက်ပါ !"

ဘာလဲဟ! ထောင်ရူန်း ဖုန်းချသွားပြီးနောက် ဖုန်းကို စိုက်ကြည့်နေမိသည်။ ရိုင်းလိုက်တာ။ ဒီလူ သူ့ရှေ့မှာ ပေါ်လာရင် သူ့ကို လက်သီးတစ်ချက်နဲ့ ထိုးပစ်မယ်လို့ ကျိန်ဆိုမိသည်။

ဆရာဝန်မှ ကလေးကို မကယ်တင်နိုင်ဘူးလို့ ပြောခဲ့ကာ လူနာရဲ့မိသားစုကို သဘောတူတဲ့စာ လက်မှတ်ထိုးခိုင်းခဲ့သည်။

ကလေးမလေး သူ့ရင်ခွင်ထဲအိပ်ပျော်နေလေပြီ။ ချန်းဝမ် ခွဲစိတ်ခန်းမှ ထွက်လာသောအခါတွင် သူမသည် မေ့ဆေး၏ အာနိသင်ကြောင့် အိပ်ပျော်နေဆဲဖြစ်သည်။ ထို့နောက် ချန်းဝမ်အား အစောပိုင်းက ထောင်ရူန်း စီစဉ်ပေးသော လူနာခန်းထဲသို့ တွန်းပို့ခဲ့ပြီး သူမကို ပြုစုရန် သူနာပြုများကိုလည်း စီစဉ်ပေးခဲ့သည်။

အကယ်၍  ကပ်ပါးပန်းလေး၁ပွင့်ဖြစ်ခဲ့လျှင်Where stories live. Discover now