Ch-34

600 92 1
                                    


Ch-34

"ဘယ်သူကိုမှ မပြောသရွေ့တော့ အဆင်ပြေမှာပါ။ ကျေးဇူးတင်ပါတယ် ညီမလေးက လိမ်မာတဲ့ ကလေးလေး ဆိုတော့ ညီမလေးလိုချင်တာ တစ်ခုခုရှိလား။ ညီမလေးအတွက် အစ်ကို ဝယ်မေးမယ်လေ ပြောပါ။"

ထောင်အန်းသည် Little Riding Hood တွင် ဖြားယောင်းရန် ကြိုးစားနေသည့် ဝံပုလွေဆိုးကြီး နှင့်တူနေသည်။ သူသည် ဝံပုလွေ၏ ခြေသည်းကိုပင် ဆန့်လိုက်ပြီး ရှရုံ ၏ ခေါင်းကို ပုတ်လိုက်သည်။

သူမ၏ ဆံပင်တွေက ခြောက်လုနီးပါးမို့ သူ့လက် အနည်းငယ်စိုစွတ်သွားကာ ထူထူထဲထဲခံစားလိုက်ရသည်။ တော်တော် ပျော့ပျောင်းတယ်!

ရှရုံ သည် စကားမပြောဘဲ သူ့လက်သည်းကို တွန်းထုတ်လိုက်သည်။ "ညီမလေး ဘာမှ မလိုပါဘူး၊ သို့ပေမဲ့ ညီမလေးသာ လုပ်ချင်ရင် အစ်ကို ထောင်ရန် ဆီကိုသွားမှာပေါ့.."

"ယိုး .. ညီမလေးက အစ်ကိုကြီးကိုအသုံးချပြီး အစ်ကို့ကိုဖိအားပေးဖို့ ကြိုးစားမလို့လားနော်.." ထောင်အန်း မှ စနောက်၍ ပြောလိုက်သည်။

ထောင်မိသားစု ၏ ညီအကို ၄ ယောက်တွင် ထောင်အန်း သည် ရုပ်ရည်အကောင်းမွန်ဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံးဖြစ်သည်။

သို့သော် ရှရုံ သည် သူ၏ ဆွဲဆောင်မှုအား လုံးလုံးလျားလျား ခုခံနိုင်စွမ်း မရှိသည်မှာ ဆိုးရွားလှသည်။

သူမသည် ဒီဘဝတွင် သူနှင့် အမှန်တကယ် မရင်းနှီးသေးမှန်း သိသောကြောင့် ယခု စကားမပြောသင့်ပေ။ သို့သော် ဘယ်လိုပဲဖြစ်နေပါစေ သူမ၏ နှလုံးသားထဲတွင် သူနှင့်ရင်းနှီးနေသည်ဟု ခံစားမိဆဲဖြစ်သည်။ ၊ အထူးသဖြင့် ထိုအပြုအမူကို ကြည့်ပြီး သူ့ကို အနည်းငယ် ဒေါသထွက်လာသည်။

"အစ်ကိုရဲ့ဆက်ဆံရေး ကို ဉီးလေးကို ဘယ်တော့ပြောဖို့စီစဉ်ထားလဲ"

ထောင်အန်း၏ အပြုံးသည် ချက်ချင်း ပြိုလဲကျသွားသည်။

"ဒါက ညီမလေးလို ကလေးတစ်ယောက်အတွက် စိတ်ပူနေရမယ့် အရာမဟုတ်ဘူး" သူ အနည်းငယ် စိတ်တိုသွားသည်။

ရှရုံ နှုတ်ခမ်းဆူမိသည်။

တကယ်တော့ ထောင်အန်း ရဲ့ ပင်ကိုယ်စရိုက်က အမြဲတမ်း မရင့်ကျက်ဘူး။ ထောင်ရန် ၊ထောင်ဘင် နှင့်ထောင်ရှင်း တို့နှင့် နှိုင်းယှဉ်ပါက သူဟာ သူ့မိဘများနှင့် လုံးဝတူပုံမပေါ်ပေ။

အကယ်၍  ကပ်ပါးပန်းလေး၁ပွင့်ဖြစ်ခဲ့လျှင်Where stories live. Discover now