Ch-31

609 89 0
                                    


 Ch-31

ထောင်ရှင်း သည် ဒုတိယနေ့တွင် အမှန်တကယ် ပြန်လာခဲ့သည်။

သူ့လက်ထဲမှာရှိတဲ့ လင်းပိုင်အရုပ်ကြီးကြီးကို ကြည့်၍ ထောင်ရူန်း ၏ မျက်ဝန်းတွေက ဓားမြှောင်နှင့်ပစ်ပေါက်တဖွယ်ဖြစ်နေသည်။

"ရှရုံ , ရှရုံ ! ဒါ... ညီမလေးအတွက် အစ်ကိုလေးဝယ်ခဲ့တာ။"ထောင်ရှင်း သည် သူ့တစ်ကိုယ်လုံး အေးစက်နေသော ချွေးများကို ခံစားလိုက်ရသည်။

သူသည် အိမ်ကို စောစောပြန်ဖို့ စိတ်ကူးထားပြီး ဘေးအဆောက်အဉီးဆီသို့ပို့ပေးဖို့ တွေးထားသည်။ ရာသီဉတု သာယာသောကြောင့် သူ့အဖေ ဟာ သစ်ပင်အောက်၌ မနက်စာစားလိမ့်မည်ဟု စားဖိုမှူးကိုပြောလိမ့်မည်ဟု ဘယ်သူက ထင်မှာလဲ? ဒီလိုနဲ့ သူ့လက်ထဲက အရာတွေကို ဖမ်းမိသွားခဲ့သည်။

"ဟုတ်တယ်.. ဒါ ညီမလေးလိုချင်နေတာဘဲ! ကျေးဇူးတင်ပါတယ် အစ်ကိုထောင်ရှင်း" ရှရုံ သည် အခြားသူများကို ဖုံးကွယ်ရာတွင် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ချက်ချင်းဆိုသလို ရှေ့သို့ထွက်လာခဲ့သည်။

"ဟား..."ထောင်ရှင်း ခြောက်ကပ်စွာ ရယ်မောလိုက်သည်။ "အင်း- ညီမလေး ကြိုက်တယ်ဆိုရင် ဝမ်းသာပါတယ်။"

ထောင်ရူန်း သည် သူတို့၏အပြုအမူကိုကြည့်၍ 'ဟမ့်' ဟု နှာမှုတ်ကာ ကြားမဝင်တော့။

ထောင်ဘင် သည် ထုံအနေကာ သူ့မျက်ဝန်းနှင့်ပါးစပ်တို့အဟောင်းသားဖြစ်နေလေသည်။

ထောင်ရန် ရှရုံ ကို ဘာကြောင့်သဘောကျရသလဲဆိုတော့ ရှရုံ နှင့် အိမ်၌ မကြာခဏတွေ့ဆုံသောကြောင့်ဖြစ်မည်ဟု သူ ထင်ခဲ့သည်။ အထူးသဖြင့် သူမသည် အလွန်ချစ်စရာကောင်းသော မိန်းမငယ်လေး ဖြစ်သောကြောင့် သူမ အပေါ် ချစ်ခင်မှု အနည်းငယ် ရှိလာသည်မှာ သဘာဝကျပါသည်။

သို့သော် ထောင်ရှင်း ဒီလိုအရုပ်တွေ စုဆောင်းတက်သည့်အကျင့်ကို ထပ်လုပ်လာတာဟာ ဘာများဖြစ်မလဲ?

တစ်ခုခုမှားယွင်းနေပုံပေါ်သည်။မဟုတ်ရင် ဒီကောင် သားရေခါးပတ်နှင့်ရိုက်တာခံနေရလိုက်ပြီ..!

အကယ်၍  ကပ်ပါးပန်းလေး၁ပွင့်ဖြစ်ခဲ့လျှင်حيث تعيش القصص. اكتشف الآن