Ch-37

625 77 0
                                    


Ch-37

ထောင်ရန်သည် အခု အရွယ်ရောက်သူနှင့်စကားပြောနေရသည်ဟု တွေးမိသည်။ ရှရုံ လိုအသက်အရွယ်တစ်စုံတစ်ဉီးသာဆို သူတို့ပြောနေသည့်အကြောင်းအရာကို နားမလည်နိုင်လောက်အောင်ပင် မရေရာသောအတွေးတစ်ခုရှိသင့်သည်။

သို့သော် ရှရုံ က ဒါကို လုံးလုံးလျားလျား နားလည်နိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ပါဘူး။ သူ မတက်နိုင်ပဲ ရူပ်ထွေးနေ၏။

ရှရုံ သည် အလွန်ထက်မြက်သော ကလေးမဟုတ်ပေ။ ဒါတွေအားလုံး သူမကို ဘယ်သူသင်ပေးခဲ့တာလဲ။

သူ့အမေလား?

ထောင်ရန်သည် ချန်းဝမ် နှင့် အကြိမ်အနည်းငယ် တွေ့ဆုံဖူးသည်။ သူမ၏စိတ်ကို လွယ်ကူစွာမြင်တွေ့နိုင်သည်။ ထိုအမျိုးသမီးသည် အရွယ်ရောက်ပြီးသောကမ္ဘာ၏ ကောင်းစွာအလုပ်လုပ်ပုံကို နားလည်ရန် သူ့သမီးကို သင်ပေးနိုင်စွမ်းမရှိပေ။

သူ့အဖေများလား?

ချန်းဝမ် ရှိနေတုန်းက ထောင်ရူန်း သည် ချန်းဝမ် ၏တိုက်ခန်းတွင် အမြဲနေခဲ့သည်။

ထောင်ရူန်း ရှရုံ နှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့လျှင် အံ့သြစရာမဟုတ်ပေ။ သူ ကမသိမသာ သူမကို တစ်ခုခု ရိုက်သွင်းထားလေသလား?

ထောင်ရူန်း နဲ့ ချန်းဝမ် တို့ရဲ့ ဆက်ဆံရေးကို တွေးကြည့်ရင် ရှရုံ ငယ်ငယ်လေးကတည်းက သူတို့၏ လွှမ်းမိုးခြင်းခံရတာဖြစ်နိုင်သည်။ ... ဒါက ပိုအဓိပ္ပါယ်ရှိပုံရသည်။

ရှရုံ ရဲ့ ဘဝရဲ့ အရေးကြီးဆုံး ဆယ်နှစ်အတွင်းမှာ သူမကို အလွန်ရင်းနှီးစွာ သင်ကြားပြသပေးခဲ့တဲ့ ထောင်ရန်ကိုယ်တိုင်တောင် မှန်းဆလို့မရခဲ့ပါဘူး။

သို့သော် ​ ဒါဟာ သူမ နားလည်​​သောအချက်​တစ်​ခုဖြစ်​သည်​။ အရာအားလုံးကို နားလည်ပြီးနောက် သူမ၏ တုံ့ပြန်မှုသည် သူမ၏ ကိုယ်ရည်ကိုယ်သွေးနှင့် သက်ဆိုင်သည့် အခြားကိစ္စတစ်ခုဖြစ်သည်။

ငယ်ရွယ်သောမိန်းကလေးများသည် အလွန်ပါးလွှာသော မျက်နှာရှိသင့်သည်။ သူမ နားလည်ထားရင်တောင် အနည်းဆုံးတော့ ရှက်ရွံ့မှုအရိပ်အမြွက်ပြသင့်သည်၊ ဒါမှမဟုတ် ဒေါသတကြီး တုံ့ပြန်တာမျိုး ရှိသင့်သည်။

အကယ်၍  ကပ်ပါးပန်းလေး၁ပွင့်ဖြစ်ခဲ့လျှင်Where stories live. Discover now