ဇီးပန်းချောင်..နာမည်နဲ့လိုက်ပါသည် ဆယ့်နှစ်ရာသီဇီးပန်း တွေပွင့်သော သုံးလောကရဲ့အလှဆုံးနေရာတစ်ခု။ ထိုလှပတဲ့နေရာကို နတ်တစ်ပါးကျူးကျော်ဝင်ရောက် လာသည်။
“အစေခံသာသာအဆင့်နှင့်မောင်မင်းကဘယ်သူလဲ ဘာကိစ္စ ဇီးပန်းချောင်ကိုကျူးကျော်လာတာလဲ”
အေးစက်ပြတ်သားပြီးမလိုလားမှုတွေရောနေသည့်အမိန့်သံတစ်ခု။
“ကျွန်တော်မျိုးကကောင်းကင်နန်းတော်က သက်တော်ရှည် နတ်မင်းပါ”
“မောင်မင်းကဘယ်သူဖြစ်ဖြစ်ငါ့ရဲ့ဇီးပန်းချောင်ကိုလာခွင့်မရှိဘူး ကောင်းကင်နတ်တွေကိုဆိုပိုပြီးလက်မခံဘူး ပြန်တော့”
“ကောင်းကင်နန်းတော်မှာဒုက္ခတွေ့နေလို့ပါ နတ်ဘုရားမကို အကူအညီတောင်းပါရစေ”
“မင်းတို့ကောင်းကင်ကလူတွေကအင်မတန်အရည်အချင်းရှိတယ်မလားဘာဖြစ်လို့ဒီလို သေးနုပ်တဲ့ဇီးပန်းချောင်လို နေရာမျိုးမှာလာ အကူအညီတောင်းနေရတာလဲ”
သက်တော်ရှည်နတ်မင်းမှာဒူးထောက်လိုက်ပြီး
“အရင်ကကောင်းကင်နတ်တွေရဲ့မိုက်မဲမှုကိုဗွေမယူပါနဲ့ကျွန်တော်မျိုးတို့ကသိမ်ဖျင်းလွန်းတာပါပြီးတော့နတ်ဘုရားမရဲ့ကတိစကားအတိုင်းကောင်းကင်ဒုက္ခရောက်ရင်ကူညီပါ့မယ်လို့ပြောထားလို့ကျွန်တော်မျိုးအတင့်ရဲစွာအကူအညီတောင်းရခြင်းဖြစ်ပါတယ်”
ရုတ်တရတ်ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားသည်။သက်တော်ရှည်နတ်မင်းခေါင်းကိုအသာမော့ကြည့်လိုက်ချိန်သူရှေ့မှာ ကိုယ်ရောင်ကိုယ်ဝါတောက်ပပြီး ခရမ်းရောင်ဝတ်စုံကို ဆင်မြန်းကာနှစ်လိုဖွယ်အဆင်းနှင့် မျက်လုံးတွေက မာနအရောင်ကြောင့်တလက်လက်တောက်နေတဲ့နတ်ဘုရားမတစ်ပါး။ဘေးမှာကလဲသူရဲ့စီးတော်ယာဉ်နတ်ကျားဖြူနှင့်။
“မောင်မင်းကငါ့ကိုငါ့စကားနဲ့ပြန်ချည်တယ်ပေါ့လေ”
“မဟုတ်ရကြောင်းပါ ”
“ကောင်းပြီလေ ငါ့ကငါ့ကတိကြောင့်ဒီတစ်ခါတော့အကူညီ ပေးလိုက်မယ် နောက်တစ်ခါဆိုရင်တော့ မင်းတို့ရဲ့ကြီးကျယ်လှတဲ့ကောင်းကင်ကကိစ္စကိုကိုယ့်ဘာသာရှင်းပါ”
YOU ARE READING
Love Story Under The Moonlight (Lisa×IU)
Fanfictionမူရင်းမြန်မာficအား fanfic ပြောင်းရေးခြင်း