(Unicode)
“လီဆာ နင်မညစ်နဲ့နော် ငါရဲ့အကောင်ကို ဒီမှာထားတာ နင်ရွှေ့လိုက်တာမလား”“ငါရွှေ့တာနင်မြင်လို့လား စွပ်စွပ်စွဲစွဲ”
“မမြင်ပေမဲ့နင်ဆိုတာငါသိတယ် ဒါစစ်တုရင်ကစားနေတာ စစ်တိုက်နေတာမဟုတ်ဘူး နင့်အစွမ်းတွေကိုထုတ်ထုတ် သုံးမနေနဲ့”
ဘန်ဘန်းနှင့်လီဆာမှာအမြဲအဲ့လိုဘဲ။ငြင်းခုံနေတာ လီဆာကလဲ အနိုင်ကိုဘဲလိုချင်သူ မလို့ ဘယ်လိုနည်းနဲ့နိုင်ရပါစေ ရအောင်လုပ်တတ်တဲ့သူ။
“တော်ကြတော့ ကလေးတွေလဲမဟုတ်တော့ဘူး ငြင်းခုံ နေတာကြားလို့မကောင်းဘူး “
ကြားထဲကမနေနိုင်သော ချယ်ယောင်း ကထပြောရသည်။
“ပြီးတော့လီဆာ မင်းမှာလေ့ကျင့်စရာတွေရှိသေးတယ် မင်းရဲ့အစွမ်းကအခုထက်ကိုပိုတော်မှမင်းကောင်းကင်ဘုံကိုယှဉ်နိုင်မယ်အခုသွားလေ့ကျင့်တော့”
ချယ်ယောင်းစကားကြောင့် လီဆာမှာ မထချင်ထချင်နဲ့ထသွားသည်။တကယ်တော့မွေးကထဲကနတ်ဘုရားအဖြစ်မွေးဖွားလာသောလီဆာမှာ အလွန်ကိုကံထူးသောသူတစ်ယောက်။တခြားနတ်တွေဆိုအဆင့်ဆင့်လေ့ကျင့်မှထာဝရနတ်ဘုရားအဖြစ်ကိုရောက်ရှိသည်။လီဆာကတော့မွေးထဲက ထာဝရနတ်ဘုရားမတစ်ပါး။
ဇီးပန်းပင်တွေအောက်မှာလီဆာအသာအယာပင်ထိုင်ချလိုက်သည်။အခုသူမ လေ့ကျင့်နေသောဂါထာကသူမတို့မျိုးရိုးရဲ့နောက်ဆုံးသောလေ့ကျင့်မှုအစွမ်းအထက်ဆုံးဂါထာ။သူမရဲ့ဘိုးဘွားတွေဆိုလဲဒီအစွမ်းနဲ့ဘဲသုံးလောကကိုကယ်တင်ခဲ့ကြတာ။ဒီဂါထာနဲ့ဘဲအခုအမှောင်နယ်မြေဖြစ်တဲ့မိစ္ဆာလောကကိုပိတ်ထားတာ။ဒါကြောင့်လဲသုံးလောကကလူတွေအေးဆေးနေနိုင်တာပေါ့။မဟုတ်ရင်အခုလောက်ဆိုမိစ္ဆာတွေရဲ့ကျွန်ဖြစ်နေလောက်ပြီ။ပြီးတော့ဒီဂါထာရဲ့အစွမ်းကိုရရင်ကောင်းကင်ဘုံတစ်ခုလုံးကိုစည်းချပြီးချိတ်ပိတ်ပစ်လို့ရသည်။
စိတ်ကိုငြိမ်သက်အောင်ထားပြီးတရားထိုင်နေပေမဲ့စိတ်တွေကဘယ်လိုမှစုစည်းလို့မရတာ လီဆာသိနေသည်။
ဟင်းးးး!!!!
သက်ပြင်းချကာမလေ့ကျင့်တော့ဘဲဇီးပန်းအောက်မှာအသာလှဲအိပ်လိုက်သည်။သုံးလောကတစ်ခွင်ဖြန့်ကျက်ထားတဲ့လရောင်ကိုကြည့်ပြီးကြည်နူးစွာပြုံးလိုက်သည်။
YOU ARE READING
Love Story Under The Moonlight (Lisa×IU)
Fanfictionမူရင်းမြန်မာficအား fanfic ပြောင်းရေးခြင်း