Chapter 5

70 8 1
                                    

(Unicode)

ကင်မ်ဟာနူး ဒီသုံးလောကမှာ ကောင်းကင်မင်းကြီးကိုနာမည် တပ်ပြီးခေါ်ရဲတာလီဆာတစ်ယောက်ဘဲရှိသည်။ညီလာခံခန်းမဟာ တိတ်ဆိတ်လွန်းလို့ ဘယ်သူမှတောင်အသက်ရဲရဲ မရှုရဲ။ဟာနူးဟာ ဘယ်လိုဘဲအရည်အချင်းမရှိဘူးဖြစ်စေ သူကကောင်းကင်မင်းကြီးတစ်ပါး။သူမှာနတ်ဘုရားတွေကို ဝိဉာဏ်ပါပျက်သုန်းစေတဲ့မိုးကြိုးလက်နက်ရှိသည်။ပြီးတော့သုံးလောမှာရှိတဲ့နတ်ဘုရားတွေကိုအမိန့်ပေးနိုင်တဲ့ကောင်းကင်နှင်တံရှိသည်။ဒါကြောင့်ဘယ်သူမှမလေးမစားမလုပ်ရဲ။ပြီးတော့ကောင်းကင်မင်းကြီးရဲ့မယ်တော်ကလဲ သက်ရှိထင်ရှားရှိနေသေးသည်။နတ်တွေအားလုံးစိုးရိမ်နေသည် ကောင်းကင်မင်းကြီးက လီဆာ ကိုဘယ်လို တုံ့ပြန်မလဲ ဆိုတာ။

ဂျီအွန်း စိတ်ထဲတွင် ဒီနတ်ဘုရားမဟာငယ်ငယ်ရွယ်ရွယ်နှင့် အရမ်းကိုမောက်မာထောင်လွှားလွန်းသည်။သူမဘယ်လောက်ဘဲတော်နေပါစေကောင်းကင်မင်းကြီးတစ်ပါးကိုတော့မရိုမသေမပြုအပ်ပါ။ ပြီးတော့လီဂျီအွန်း ဆိုသည့် သူမဟာ ပေးလိုသူကိုပေးလိုက်ရအောင် သက်မဲ့လက်ဆောင်ပဏ္ဏာလဲမဟုတ်ပေ။ ပစ္စည်းတစ်ခုလိုကိုယ့်ကိုတောင်းဆိုခံရသည့်အခါ ဘယ်လောက်စိတ်ပျက်ဖွယ်ရာ အနေအထားလဲ။

မထိတထိမျက်နှာထားဖြင့် စောက်ဂရုမစိုက်စွာရှိနေသော လီဆာကို

“လီဆာနတ်ဘုရားမက ဘာလို့ လနတ်သမီးကိုမှ လိုချင်ရတာလဲ ဒီကောင်းကင်ဘုံမှာရှိတဲ့ ကြိုက်တဲ့နတ်အစေခံကိုတောင်းဆိုနိုင်တယ် ဇီးပန်ချောင် အတွက်အစေခံအားလုံးကိုပို့ပေးနိုင်ပါတယ်”

ငါဘာလို့လီဂျီအွန်းကိုလိုချင်လဲနင်သိပါတယ်ကင်မ်ဟာနူး။လီဆာစိတ်ထဲကရေရွတ်လိုက်သည်။

“ငါလီဆာရဲ့ဇီးပန်းချောင်ကို အထင်သေးလွန်းနေပြီ ဇီးပန်းချောင်ရဲ့ နတ်အစေခံဆိုတာမင်းတို့ကောင်းကင်ဘုံက အစေခံထက်အများကြီးသာတယ် ပြီးတော့ငါကဂျီအွန်းကို ငါရဲ့ဇီးပန်းချောင်မှာအစေခံလုပ်ခိုင်းဖို့မဟုတ်ဘူး သူ့ကို ငါပိုင်ချင်လို့ “

ညီလာခံခန်းမမှာထပ်မံတိတ်ဆိတ်သွားပြန်သည်။မိမိကို ပိုင်ချင်လို့လို့ပြောတဲ့ လီဆာကိုကြည့်ကာ အိုင်ယူစိတ်ထဲ အရမ်းအံ့သြမိသလို ဝမ်းလဲနည်းမိသည်။မသိရင်အိုင်ယူ့ ကို အရုပ်လုသလိုမျိုးဝိုင်းလုနေသလိုခံစားရသည်။

Love Story Under The Moonlight (Lisa×IU)Where stories live. Discover now