Chapter 3

72 11 2
                                    

(Unicode)

“မင်းကကင်မ်ဟွန်း နဲ့ဘာတော်တာလဲ”

“ဘာလို အပိုတွေမေးနေတာလဲ

“မင်းကငါသိတဲ့တစ်ယောက်နဲ့တူလွန်းတယ်”

“ငါကိုဘယ်သူနဲ့မှမနှိုင်းနဲ့ ငါကနှစ်ယောက်မရှိတဲ့လီဆာ အထူးသဖြင့်ကင်မ်ဟွန်း ဆိုတဲ့နာမည်နဲ့ငါနဲ့ကိုပိုနှိုင်းစရာမလိုဘူး”

ရွံရှာသလိုပြောလိုက်တဲ့လီဆာ ကြောင့် ဆောင်းရိုလဲ အံသြသွားသည်။ဟုတ်တယ်လေ သုံးလောကမှာဘယ်သူကများ ကင်မ်ဟွန်း ကို စော်ကားရဲလို့လဲ။ကင်မ်ဟွန်းဆိုတာ ကောင်းကင်ဘုံရဲ့ စစ်နတ်ဘုရား။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တိုက်ပွဲတွေမှာကင်မ်ဟွန်း ဟာစစ်နတ်ဘုရားအဖြစ်ကျော်ကြားခဲ့တာ။ ဆောင်းရို တို့မိစ္ဆာနတ်ဘုရားအများအပြားဟာလဲသူကြောင့်သေဆုံးခဲ့တာ။အရမ်းတော်သလိုစစ်ဗျူဟာခင်းတာလဲအရမ်းကောင်းလွန်းလို့ ဆောင်ရို ကိုယ်တိုင်လေးစားရသောသူ ။ မိစ္ဆာနတ်ဘုရားတွေနှင့်ကောင်းကင်ဘုံတိုက်ပွဲမှာလဲသူ့ကြောင့် ဆောင်ရို တို့အရှုံးပေးကာငြိမ်းချမ်းရေးယူခဲ့ရတာ။စစ်ပွဲတွေပြီးတော့ကောင်းကင်မင်းကြီးရဲ့သမီးနဲ့လက်ထပ်ပြီးယခုလက်ရှိကောင်းကင်မင်းကြီးကင်မ်ဟာနူး ကိုမွေးခဲ့တာ။ အဲ့နောက်ပိုင်း ကင်မ်ဟွန်း သေဆုံးခဲ့တယ်သတင်းကြားပြီး ဘာကြောင့်ဆိုတာကောင်းကင်ကမထုတ်ပြန်ခဲ့ဘူး။

လီဆာရဲ့တင်းမာနေတဲ့မျက်နှာထားကိုကြည့်ကာ ဆောင်ရို တစ်စုံတစ်ခုကိုသဘောက်ပေါက်သွားသည်။ ဒီနတ်ဘုရားမ ဟာကောင်းကင်နဲ့တစ်ခုခုဆက်စပ်နေရမည်။ ပြီးတော့ ကင်မ်ဟွန်းနဲ့ရော။ ကောင်းကင်ရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်နေတဲ့ ကင်မ်ဟွန်း သေဆုံးမှုနဲ့လဲ ဆက်စပ်နိုင်သည်။

မိမိကိုအကဲခတ်သလိုကြည့်နေတဲ့ ဆောင်ရို ကြောင့် လီဆာ မျက်နှာကိုမဲ့လိုက်သည်။ သူ့ဘဝမှာမကြားချင်ဆုံးနာမည် ကိုမှလာထုတ်ပြောသော ယဲ့လျှိုကိုဒီနားတင် အသေသတ် ပစ်လိုက်ချင်သည်။

နှစ်ယောက်လုံးရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်နေသော ကောင်းကင်မင်းကြီးမှာ လီဆာ မျက်လုံးတွေထဲက သတ်ဖြတ် လိုတဲ့အရိပ်အယောင်တွေကို တွေ့လိုက်တာနဲ့

Love Story Under The Moonlight (Lisa×IU)Where stories live. Discover now