Unicode
ပွဲအခမ်းအနားတစ်ခုပဲမဟုတ်ပါလား။ နှစ်ပရိစ္ဆေတကြာမြင့်လာတော့ စစ်ပွဲတွေအေးချမ်းပြီး ငြိမ်းချမ်းနေလေရာ ကောင်းကင်ကနတ်ဘုရားတွေဟာ အပျော်အပါးမှာမွေ့လျော်ကုန်ကြသည်။ နေ့စဉ်တိုင်း နတ်ဘုရားများစွာရဲ့ဟိုပွဲဒီပွဲပြည့်နှက်နေသလို စည်းကားလျက်။ လီဆာတို့သုံးယောက်၏အသွင်ကိုလဲ နတ်ဘုရားပေါင်းစုံက အကဲခတ်လျက်။
စုံလင်လှသောနတ်ဘုရားများစွာတစ်ချက်အကဲခတ်ကာ မီးနတ်ဘုရားကစကားဆိုသည်။
“အဟမ်းးကောင်းကင်မင်းကြီးကို တောင်းဆိုစရာတစ်ခု ရှိတယ်။”
“မီးနဂါးနတ်ဘုရားက ဘာများတောင်းဆိုချင်တလဲ”
အမှန်တော့ မီးနဂါးနတ်ဘုရားက ဘန်ဘန်းမှာ လီဆာရဲ့ကိုယ်စား တောင်းဆိုပေးခြင်းဖြစ်သည်။လီဆာကိုယ်တိုင်ပြောရင် ကလေးမက သူများပေးချင်အောင်တောင်းမှာမဟုတ် စကားကိုသူများနားမခံသာအောင်ပြောမှာကို သိနေလို့ အစားပြောပေးရခြင်းဖြစ်သည်။
“ကျွန်တော်က……….
“မင်းကြီးး လနတ်သမီးက ဝင်ခွင့်တောင်းနေပါတယ်”
စစ်သည်တစ်ဦးလာရောက်လျောက်တင်လိုက်သောစကားကြောင့် မီးနဂါးနတ်ဘုရားမှာစကားကို ဆုံးအောင်မပြောလိုက်ရ။
လနတ်သမီးဆိုသည့်အသံကြားသည်နှင့် နတ်တွေအကုန် စိတ်ဝင်စားသွားကြသည်။လနတ်သမီးလီဂျီအွန်းရဲ့အလှဂုဏ်သတင်းဟာသုံးလောကမှာအရမ်းကိုကျော်ကြားပေမဲ့လည်း မြင်ဖူးသူဆိုတာတော်တော်ကိုရှားသည်။ လနတ်သမီးက လဗိမာန်ကနေအပြင်ကိုထွက်ခဲသူတစ်ယောက်။သူရဲ့အလှဟာနတ်ဘုရားတွေကိုတောင်ရူးသွပ်သွားစေပြီး သုံးလောကကို စစ်ပွဲတွေတောင်ဖြစ်ပွားစေနိုင်တဲ့သူလို့ ပြောကြသည်။
“ကောင်းပြီ ဝင်ခွင့်ပြုလိုက်ပါ”
ကောင်းကင်မင်းကြီးပျော်သွားသည်။သူဂျီအွန်းကိုမတွေ့ရတာအရမ်းကြာနေပြီ။သူကောင်းကင်မင်းကြီးဖြစ်ကတည်းကသူမကိုမတွေ့ရတော့တာ။လဗိမာန်ကိုလဲသွားဖို့အခွင့်မသာခဲ့ဘူး။တကယ်တော့ဂျီအွန်းကသူ့ရဲ့ချစ်သူ သူကောင်းကင် မင်းကြီးမဖြစ်ခင်ထဲကသူတို့ကြိုက်ခဲ့တာ။ဒါပေမဲ့မယ်တော်ဖြစ်သူရဲ့စကားကိုမလွန်ဆန်နိုင်ဘဲ ယခုလက်ရှိမိဖုရားကို လက်ဆက်ပြီးကောင်းကင်မင်းကြီးလုပ်ခဲ့ရတယ်။
YOU ARE READING
Love Story Under The Moonlight (Lisa×IU)
Fanfictionမူရင်းမြန်မာficအား fanfic ပြောင်းရေးခြင်း