Chapter 6

44 6 0
                                    

(Unicode)

တင်းကျပ်စွာဖက်ထားပြီးရင်ခွင်ထဲထည့်ထားကာ ပြောချင်ရာပြောနေသောလီဆာရဲ့ရင်ခွင်ထဲကနေ ဂျီအွန်းရုန်းထွက်လိုက်သည်။ဒါပေမဲ့ရုန်းလို့မရ သန်မာတဲ့ လက်တစ်စုံက ရင်ခွင်ထဲကိုပြန်ဆွဲသွင်းလိုက်ပြန်သည်။

"ငြိမ်ငြိမ်နေပါ မင်းကိုငါဒီလို ပိုင်ဆိုင်ရဖို့ဘယ်လောက်ထိ မျှော်လင့်နေတယ်ဆိုတာ မင်းမသိပါဘူး"

"လွှတ်ပေးပါ အသက်ရှုကျပ်တယ်"

သူပြောနေသောစကားတွေကို လျစ်လျူရှုလိုက်ကာ သူမ အသက်ရှုကြပ်နေပြီဖြစ်ကြောင်းပြောပြမိသည်။

ဖက်ထားတာကိုအတန်ငယ်ဖြေလျော့ပေးလိုက်ပေမဲ့လွှတ်တော့မလွှတ်ပေး။

"ကျွန်မကိုမလွှတ်ပေးတော့ဘူးလား ကျွန်မမှာလုပ်စရာ အလုပ်တွေရှိသေးတယ်"

"လဗိမာန်ကိုငါပြန်လိုက်ပို့ပေးမယ်"

လီဆာကိုကြည့်ရတာလဗိမာန်ဘယ်မှာရှိတယ်ဆိုတာကိုသိသည်ထင်သည်။ အိုင်ယူ ရဲ့လက်ကိုဆွဲကာရှေ့ကနေဦးဆောင်သွားနေသောသူမနောက်ကျောကိုကြည့်ပြီး အိုင်ယူ့ရင်ထဲရင်းနှီးနေသလိုခံစားရသည်။ဒါပေမဲ့ဘယ်တုန်းကလဲဘယ်သူလဲဆိုတာစဉ်းစားမရ။

ဂျီအွန်းရဲ့လက်ကိုကိုင်ပြီးလဗိမာန်ဆီကိုဦးတည်သွားနေသောလီဆာ့ရင်ထဲမှာလှိုင်းလုံးတွေလိုတဝုန်းဝုန်းဖြစ်နေသည်။အေးစက်စက်ဖြစ်နေတဲ့ချန်အာလက်လေးကိုပိုမိုနွေးထွေးသွားစေဖို့ပိုပြီးတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

နောက်ကိုလှည့်ကြည့်တော့လက်တစ်ဖက်ကယုန်ဖြူလေးကိုပိုက်ထားပြီးတစ်ဖက်ကတော့လီဆာကိုင်ထားသည်။ရင်ခွင်ထဲရောက်နေတဲ့ယုန်ကိုကြည့်ကာလီဆာမျက်မှောင်ကြုတ်လိုက်ပြီး

"မင်းရဲ့ယုန်ကအမြဲမင်းရင်ခွင်ထဲမှာနေတာလား"

"အင်းလေ သူကသိပ်လိမ်မာတာ ဆေးထောင်းပေးတယ် အိပ်ရင်တောင်ရင်ခွင်ထဲထည့်သိပ်မှအိပ်တာ"

"သူ့ကိုတခြားသူဆီပေးလိုက် ဒါမှမဟုတ်လွှင့်ပစ်လိုက်"

"ဘာ!!ဘာပြောလိုက်တယ်"

Love Story Under The Moonlight (Lisa×IU)Tahanan ng mga kuwento. Tumuklas ngayon