Part5[Uni+Zawgyi]

13.3K 613 2
                                    

Uni

"နိုးပြီလား ခင်ဗျား"

"မမြင်ဘူးလား"

"ပြောပြန်ပြီ ဘုကလန့်တွေ"

ကွန်းဘာမှပြန်မပြောဘဲ အိပ်မြဲတိုင်းအိပ်နေသည်။ ကိုယ်စိတ်ကိုလည်း ဘာမှန်းမသိ။ အိပ်ရာနိုး မျက်လုံးဖွင့်ကတည်းက ထန်လွန်းထိုက်ဆိုသော အကောင်ကို စိတ်ဆိုးချင်တာဘဲသိသည်။ ကိုယ်စီကခွင့်ပြုချက်ကို မတောင်းဘဲ အင်္ကျီလဲပေးတာလေ။ ပြန်တွေးကြည့်မိတော့ရှက်မိသည်။

"ကျုပ်ခင်ဗျားကို ပြုစုပေးတာ မနေ့ညကတစ်ညလုံး...ဒါကိုခင်ဗျားက စိတ်ဆိုးတယ်ဆိုတော့"

"မင်းမနေ့ညက တစ်ညလုံးမအိပ်ဖူးပေါ့"

"ဟုတ်တယ် ကျုပ်လက်မောင်းတစ်ခုလုံး ခင်ဗျားကခေါင်းအုံးလို အိပ်နေတော့ ကျွန်တော်က ဘယ်လိုအိပ်ရမှာလဲ ပြီးတော့ ညထပ်ဖျားမှာစိုးလို့ အားတဲ့လက်တစ်ဖက်နဲ့ ခင်ဗျားကိုယ်ပေါ်ကချွေးတွေသုတ်ပေးနေတာ"

"ဘာလို့ပြုစုပေးတာလဲ"

"စိတ်ပူလို့ပေါ့"

"ဘာလို့စိတ်ပူတာလဲ"

"ကျုပ်...ကျစ် ခင်ဗျားနေမကောင်းတာနဲ့အမေးအမြန်းထူလိုက်တာဗျာ"

"ထန်လွန်းထိုက်"

"ဘာလဲ"

"မင်းငါကိုရိုရိုသေသေ ပြောလို့ မရဘူးလား"

"ကျုပ်က အမြဲဒီတိုင်းပြောနေကြ ခင်ဗျားအတွက်နဲ့ ဘာလို့ပြောင်းလဲပေးရမှာလဲ"

"ထန်လွန်းထိုက်"

"အိပ်တော့"

"မင်း ငါပြောခိုင်းသလိုမပြောမချင်း မအိပ်ဘူး"

"ကျွန်တော်မျိုးစိတ်ရှုပ်နေတာမို့ ဟောဒီက အကိုတော်တိမ်လရောင်မော်ကွန်းရေ အိပ်စက်တော်မူပါတော့"

"ထန်လွန်းထိုက်"

"ကျစ် ခင်ဗျ ခင်ဗျ"

"လိမ္မာတယ်"

"ကျစ် ဘာတွေမှန်းမသိဘူး နေမကောင်းဖြစ်ပြီး ရူးသွားတာလား သွားပြီဗျာ ရေချိုးခန်းထဲ"

ဒီဘဝင်ရူးကောင်က ရှက်သွားတာလား။ ကွန်း ကုတင်ပေါ်မှာ ရယ်နေရင်းသာ ကျန်ခဲ့သည်။ ဒီလို ပါးစပ်သရမ်းကောင်က ရှက်တတ်တယ်ပေါ့။
~~~

Cigarette and poisonWhere stories live. Discover now