Part31[Uni+Zawgyi]

6.9K 238 1
                                    

Unicode

"ရှေ့သွားနောက်လိုက်ညီ
အရမ်းလည်းလိုက်ဖက်သည်
တစ်ယောက်နဲ့တစ်ယောက်နားလည်
ရန်ဖြစ်တာမရှိ။
လူတိုင်းအားကျသည်
လူတိုင်းကချစ်ကြသည်
ဝေးသွားကြဖို့အကြောင်းဆိုတာမရှိနိုင်ပြီ"

bathroomထဲမှ အသံပြဲကြီးဆိုနေသောထိုက်ရဲ့အသံက အိမ်အောက်ထပ်ရှိ တိမ်လရောင်မော်ကွန်း အတန်းတိုင်းကြားနေရသည်။ အမြဲရေချိုးတိုင်း သီချင်းဆိုတာထန်လွန်းထိုက်အကျင့်ပင်။ သားလေးမွေးလာပြီးနောက် သူကိုယ်သူ ရင့်ကျက်အောင်ပြုပြင်သော်လည်း သူ၏တစွတ်ထိုးဆန်တဲ့စိတ်ကို ပြုပြင်မရ။ Cigaretteသောက်ချင်ရင်လည်း ခြံထဲမှာတစ်ယောက်တည်း ထိုင်သောက်ပြီး ငါနဲ့သားလေးရှိရာသို့ မလာ။ မောင့်အဖေကပြောတယ် မောင်ပြောင်းလဲလာတာ ငါကြောင့်တဲ့။ မောင်ပြောင်းလဲလာတာ တကယ်တော့ငါကြောင့်မဟုတ်ဘူး ငါကိုချစ်မိတဲ့မောင့်နှလုံးသားကြောင့် မောင်ကပြောင်းလဲလာတာ။ ချစ်မိရင် ဘယ်သူမဆို နူးညံ့လာတယ်လေ။

ရေချိုးခန်းထဲကနေ အဝတ်အစားတစ်ခါတည်းလဲဝတ်ပြီး ထွက်လာကာ ရေချိုးခါစ ခေါင်းစိုစိုဖြင့် ကုတင်ပေါ်ကနေ ကလေးပုခက်လွှဲနေသော ငါ့ပေါ်ပေါင် မောင်က ခေါင်းတင်အိပ်လိုက်တော့ အေးစက်မှုကိုခံစားရသည်။ ငါမောင်ကို ငုံ့ကြည့်တော့ မောင်က ငါကိုပြုံးပြကာ

"အချစ် ဘာကြောင့်လဲ"

"ဘာကိုလဲ မောင်"

"မောင် ခင်ဗျားအပေါ် အရင်ကရက်စက်ခဲ့တယ်လေ။ ဒါပေမယ့် ကျုပ်ကို ဘာလို့မထားခဲ့တာလဲဗျာ"

"ပြီးပြီးသားကိစ္စတွေကို ဘာလို့ ပြန်မေးနေရတာလဲ မောင်ရယ်"

"မောင်သိချင်လို့လေဗျာ"

"အမှန်တိုင်းပြောရရင် ငါမောင်ကို စွန့်လွှတ်ဖို့ စိတ်ကူးဖူးတယ်..."

"ပြောပါ မောင်နားထောင်နေတယ်"

"မောင် ငါကို ချစ်တယ်ဆိုပြီးဟန်ဆောင်ခဲ့တုန်းက ငါမှာ သေမတတ်နာကျင်ရတယ်။ ရူးမတတ်ဖြစ်ခဲ့ရတယ်။ ငါမောင်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်တော့ ငါလေ ငါ့နှလုံးသားကို မေးကြည့်တော့ သူက‌ပြန်ပြောတယ်...."

Cigarette and poisonWhere stories live. Discover now