Part26[Uni+Zawgyi]

6.6K 274 0
                                    

Unicode

"အချစ် မောင်ပြောစရာရှိတယ်"

ပေါင်လယ်ထိ ရှည်သောအင်္ကျီအဖြူအပွကို ဝတ်ထားသောအချစ်ဟာ တကယ်ကို ကြောင်ရိုင်းလေးတစ်ကောင်နဲ့တူသည်။အရမ်းကိုလှပတဲ့ကြောင်ရိုင်းလေးပေါ့

"ဘာပြောမလို့လဲ ပြောလေ မောင်"

"ပြောရမယ်ဆိုတာထက် မေးစရာလို့ပြောရင်ပိုမှန်မယ်"

"ဘာလဲမောင်"

"အချစ် ကလေးလိုချင်လား"

"မောင်မှမလိုချင်တာ"

"အချစ်လိုချင်ရင် မောင်ဖြည့်ဆည်းပေးပါမယ်"

"ငါသဘောက မောင့်သဘောလေ"

"ချစ်တယ်နော်အချစ်"

"မောင်ရဲ့နီရဲနေတဲ့ နှုတ်ခမ်းပါးတွေကို ငါသိပ်သဘောကျတာဘဲ"

အချစ်ရဲ့သေးသွယ်လှတဲ့ လက်ချောင်းလေးများက ထိုက်ရဲ့နီရဲနေတဲ့နှုတ်ခမ်းပါးကို လာကစားနေသည်။အချစ်က မီးကို ကစားနေတာဘဲ အဟက်။

"အချစ်တစ်ယောက်တည်း အပိုင်လေ"

"ဟုတ်လို့လား ငါနဲ့မတွေ့ခင်ကတည်းက မင်းကပွေတာ"

"ပွေပေမယ့် မောင်က ဘယ်သူမှ မနမ်းဖူးတာ"

"မယုံတာ မင်းနဲ့ငါနဲ့ စတွေ့တုန်းက ငါကိုနမ်းခဲ့တာလေ အဲ့ဒါကျရော"

"အဲ့ဒါ စွာနေတဲ့အချစ်နှုတ်ခမ်းကို အပြစ်ပေးချင်လို့လေ"

"မောင်!"

"ဗျာ"

"မင်းကို မောင်လို့ခေါ်တိုင်း ဗျာလို့ပြန်ထူးတတ်တဲ့အသံလေးကို သဘောကျတာဘဲ"

"မောင် သိပ်ချစ်တယ်သိလား"

ငါမောင်ခါးကို ဖက်လိုက်ကာ မောင်ရဲ့ ဘယ်ဘက်ရင်အုံအနားခေါင်းမှီလိုက်သည်။ လေ့ကျင့်ခန်းလုပ်နေတာမို့ မောင်စီက ရေမွှေးအနံ့ထက် ချွေးနံ့ပြင်းပြင်းတွေကိုရလာသည်။ မောင်ရဲ့ ချွေးနံ့လေးတွေကအစ ငါအတွက် အဖိုးတန်တဲ့ ရတနာတစ်ခုနှင့်တူပါလား။

ချစ်တယ်။ဘယ်သူနဲ့မှ မတူအောင် မောင်ကိုချစ်တယ်။ချစ်တယ်ဆိုတဲ့ စကားထက် ပိုလေးနက်တဲ့စကားရှိခဲ့ရင်မောင့်ကို ပြောပြချင်ပါသေးရဲ့။

Cigarette and poisonWhere stories live. Discover now