Uni
"ဟင့် ငါတောင်းပန်ပါတယ် မောင် ဟင့်"
ဘေးကနေ ယောင်ငိုနေသောအသံကြောင့် ထိုက်အမြန်ဘေးကလူ နဖူးစမ်းကြည့်လိုက်ကာ။ ကျစ် ဖျားပြန်ပြီ။ ဟိုရက်ကလည်း ဖျားတာတောင် ပျောက်တာ မကြာသေးဘူး။ဒီတစ်ခါလည်း ဒဏ်ရာရှိန်ကြောင့် ဖျားပြန်ပြီ။
ထန်လွန်းထိုက် ထကာ သူနဖူးပေါ် အဖျားပျောက်ပလာစတာ တင်ပေးပြီး သူ့ကိုကြည့်လိုက်တော့ ငိုထားပုံရသည်။
"ကျုပ်လိုချင်တာ ဒီလိုမျိုးဆိုပေမယ့် အခုဘာလို့ခင်ဗျားကိုသနားနေမိတာလဲ"
အစက ထိုလူမာနကို ရိုက်ချိုးချချင်ပေမယ့် တကယ်တမ်းကျတော့ ကွာခြားလွန်းသည်။ ထိုလူက ကိုယ့်ကို ဘယ်လောက်ချစ်မှန်းလည်းသိသည်။ ကိုယ်ဘက်က သူစီက အဖြေရပြီးကတည်းက တင်းမာနေသော်လည်း သူဘက်က ကိုယ်ကို ချစ်တယ်တဲ့လေ။
--------
တိမ်လရောင်မော်ကွန်း မနက်နိုးလာတော့ ခုံပေါ်မှာ ဆန်ပြုတ်ပန်းကန်နဲ့ စာတစ်စောင်တွေ့လိုက်သည်။ စာကိုဖွင့်ကြည့်မိတော့ မောင်ရဲ့ ရှင်းရှင်းလင်းလင်းလက်ရေးများကို တွေ့ရသည်။
"ဆန်ပြုတ်သောက်ပြီး ဘယ်မှလျှောက်မသွားနဲ့ ဂရုစိုက်"တဲ့
မောင်သိလား မောင်ဟာ အနာပေးလိုက် ဆေးပေးလိုက် လူမျိုး။မောင်ကို စချစ်ကတည်းက ငါရူးလောက်အောင်ထိချစ်မိခဲ့တာ။ငါချစ်တယ်လို့ ပြောလိုက်ကတည်းက မောင်ရဲ့အချိုးတွေပြောင်းသွားတာတောင်မှလေ။
မောင်ကို ချစ်မိတာ ၃ရက်လောက်ဘဲရှိသေးပေမယ့် မောင်ကို ငါရူးလောက်အောင်ထိကိုချစ်သည်။ မောင်လည်း ငါချစ်သလို ပြန်ချစ်မလားဆိုပြီး တွေးနေမိသည်။ မနေ့ညက အိမ်မက်ထဲမှာ မောင်က ငါကိုထားသွားတာတဲ့။ အဲ့လိုနေ့မျိုးမရောက်ချင်ပါ။ မောင်က ငါကိုမချစ်တော့ဘဲ အသစ်တွေ့နေရင်တောင် ငါနားလည်ပြီး ခွင့်လွှတ်ပေးလောက်အောင်ထိ မောင်ကိုချစ်တာမို့။
---------
"ညီ"
"အစ်ကိုပါလား ပန်းလာဝယ်တာလား"
ပန်းဆိုင်ရောက်တိုင်း ပန်းလာဝယ်တယ်ထင်နေသော ညီကြောင့် ရယ်လိုက်မိသည်။
![](https://img.wattpad.com/cover/300331373-288-k44156.jpg)
YOU ARE READING
Cigarette and poison
RomanceI recommend reading over 18 years old. Seme is Possessive type and Asshole type. Htike+Koon Tracy///