Part22[Uni+Zawgyi]

7.8K 355 14
                                    

Unicode

ကုတင်ပေါ်မှာ ဟိုလူလုပ်ပေးထားသော ဆန်ပြုတ်ကိုအရသာခံကာ သောက်နေသည်။ဟိုလူကတော့ ခြံထဲ၌ သစ်ပင်၊ပန်းပင်တွေကို ရေလောင်းနေသည်။

အချစ်က ဘာလဲ မသိဘူး။ ငါဆေးရုံမှာ သတိရလာခြင်း သူရဲ့ စိုးရိမ်စိတ်တွေကို သူမျက်လုံးကနေတစ်ဆင့်မြင်မိခဲ့တယ်။ သူကိုမမှတ်မိဘူးလည်းပြောရော သူဘယ်လောက်နာကျင်မိလည်း ငါကိုယ်ငါခံစားဖူးတယ်။ မနေ့က သူရဲ့ကိုယ်ပေါ်ကရနံ့ကိုရတော့ ဒီရနံ့က ငါနဲ့ ရင်းနှီးနေသလိုပင်။ ငါက ဘာလို့ မမှတ်မိတာလဲ ငါဦးနှောက်က ဘာလို့ လွန်ခဲ့တဲ့၉လရဲ့ နောက်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို မသိရတာလဲ။

သတိရလာတော့ လူအများပြောကြတာက ငါက သူကို အသက်ပေးတဲ့အထိချစ်တာတဲ့။ကြီးမြကလည်း ငါကိုနောင်တမရနဲ့တဲ့။ ကမ္ဘာပြောသလို ငါက တစ်လအတွင်းမှာ ဟိုလူကို အသက်ပေးတဲ့အထိ ချစ်မိလောက်ပါ့မလား။ ငါကိုယ်ငါလည်း မယုံနိုင်။

"ဆန်ပြုတ်တွေကုန်ပြီလားမောင်"

"ကျုပ်ဗိုက်တင်းနေလို့မစားနိုင်တော့ဘူး"

"ဟော"

"ဒါနဲ့ကျုပ်မေးပါရစေဦး"

"မေးလေ မောင်"

"ခင်ဗျားထက် သာတဲ့လူတွေရှိပါလျက် ဘာလို့ ကျုပ်က ခင်ဗျားတစ်ယောက်တည်းကိုဘဲချစ်မိနေရတာလဲ"

"အဲ့ဒါငါကိုမေးရမှာမဟုတ်ဘူးလေ မောင်"

"ဒါဆို ကျုပ်ကဘယ်သူကိုမေးရမှာလဲ"

"မောင့်နှလုံးသားကို မေးကြည့်လေ မောင်ငါကိုဘယ်လောက်ချစ်လဲဆိုတာမောင်ကိုယ်မောင်အသိဆုံးလေ"

တိမ်လရောင်မော်ကွန်း ဆန်ပြုတ်ပန်းကန်ကိုယူ၍ အခန်းထဲကထွက်သွားတာကို ထိုက်ငေးမောစွာကြည့်နေမိသည်။ အခုထိ ဘာကိုမှ မမှတ်မိ။ကျစ်!

ရှေ့သို့ကျနေသော ကော်ဖီရောင်ဆံနွယ်များကို လှန်တင်လိုက်တော့ နဖူးတွင် ကပ်ထားသော ပလာစတာ‌အား မြင်ရသည်။ ဘေးနားက Cigaretteတစ်လိပ်ကို မီးညှိကာ နှုတ်ခမ်းမှာတေ့လိုက်၍ ပြတင်းပေါက်အပြင်ဘက်ကို ငေးနေလေသည်။နဖူးမှာကပ်ထားသော ပလာစတာနဲ့ နှုတ်ခမ်းမှာ တေ့ထားသော ဆေးလိပ်ရယ်၊ ဝတ်ထားသော စွပ်ကျယ်အဖြူရောင်က ကျစ်လစ်နေသော ခန္ဓာကိုယ်တစ်ခုအား လုံအောင်မဖုံးထားနိုင်သဖြင့် ဘယ်ဘက်ရင်အုံက ရောမဂဏန်းတက်တူးတစ်ခုရယ်၊  ကွေးကောက်နေသော ကော်ဖီရောင်ဆံပင်ရှည်များက ထန်လွန်းထိုက်အား bad boyပုံစံပေါက်နေသည်။

Cigarette and poisonWhere stories live. Discover now