Part..1

25.1K 1.3K 69
                                    

ဂျီယာမြို့ရဲ့လမ်းမတစ်လျှောက်လူတစ်အုပ်မှာအုပ်အော်
သောင်းနင်းဖြစ်ကြ ကုန်သည်။အခုဂျီယာရဲ့ မြို့ဂိတ်တံခါးကနေဝင်လာတဲ့လူတန်းရှည်ကြီးမှာချင်နိုင်ငံကို
သုံပန်းအဖြစ်ပါသွားကြသူများသာ။ချင်နဲ့ဂျီယာရဲ့ရှည်
လျှားတဲ့နှစ်နိုင်ငံနယ်စပ်စစ်ပွဲတွေကြောင့် စစ်သည်တွေ
အများကြီးသေဆုံးခဲ့ရသလိုမသေတဲ့စစ်သည်တွေမှာလည်းချင်မင်းဆက်၏ သုံ့ပန်းအဖြစ်နဲ့ဖမ်းစီးခေါ်ဆောင်
ခြင်းခံခဲ့ရသည်။အခု ဂျီယာရဲ့ဘုရင်ငယ်လေးနန်းတက်
လာမှသာလျှင်နယ်စပ်အရေးကိုထိန်းချုပ်နိုင်ခဲ့ပြီးဥာဏ်
များလွန်းသောတရုတ်ကိုစစ်နိုင်ကာ...ညိူနိူင်းမူ့ဖြင့်နှစ်
နိုင်ငံသုံ့ပန်းများကိုလဲလှယ်ခွင့်ရတော့သည်။ထို့ကြောင့်
ဂျီယာ ပြည်သူလူထုမှာဒီတစ်ချက်တည်းနဲ့ပင်အရှင်မင်းကြီးအားလွန်စွာမှကြည်ညိုချစ်ခင်လေးစားသွားရတော့သည်။

ရှေ့ဆုံးကစစ်သည်ရဲမက်တွေအပြီးမှာတော့ ...ပိန်ချုံး
ကာစုတ်ပြတ်သတ်နေတဲ့ လူတန်းရှည်ကြီးလမ်းလျှောက်
ပါလာသည်။အားလုံးကချင်တိုင်းပြည်ကဆင်ပေးထား
သည့်အတိုင်းအကျီအဖြူ၊ဘောင်းဘီ အဖြူတွေနဲ့စုတ်
ပြတ်ဟောင်းနွမ်းနေသည်။တစ်ချို့စစ်သုံ့ပန်းတွေရဲ့အဖြူဆိုလျှင်အညစ်အကြေးအထပ်ထပ်နှင့်မူလပင်ကိုယ်အရောင်ပင်မမြင်ရတော့။တိုးကြည့်နေသည့်
လူပရိသတ်သည်ကားတိုးတိုးသော်လည်ကောင်း၊ကျယ်
ကျယ်သော်လည်ကောင်း ထိုလူတန်းရှည်ကြီးအားကြည့်
ကာအတင်းတုပ်တော့သည်။ထိုလူတန်းရှည်ကြီးရဲ့အဆုံး
တွင်သံလှောင်ချိုင့်တင်ထားသောမြင်းလှည်းတစ်စီးပါလာပြီးထိုမြင်းလှည်းပေါ်ကသံလှောင်ချိုင့်အတွင်းတွင်
တရုတ်ရိုးရာဝတ်စုံစိမ်းနုရောင်ကိုဝတ်ဆင်ထားသော အမျိုသားတစ်ယောက်ပါလာသည်။ထိုအမျိုသား၏အနက်
ရောင်ဆံပင်ရှည်တို့မှာခါးအောက်ပိုင်းထိရေတံခွန်ကြီး
အလားဖြာကျနေသည်။အသားအရေမှာဖြူစင်ဝင်းလဲ့
နေပြီးကျောက်စိမ်းရုပ်ကိုထွင်းထုထားသည့်ပမာ၊လှပ
နုနယ်သောမျက်နှာလေးမှာမြင်သူတကာနှစ်ခါပြန်ကြည့်
ရသည်အထိ။သူဟာ တရုတ်နိုင်ငံကပေးပို့ဆက်သလိုက်
သောအမ္မတ နတ်ဘုရားအလားထင်ရပေမဲ့တစ်ကယ်တော့သူဟာတစ်ချိန်ကဂျီယာတိုင်းပြည်ရဲ့စစ်သူကြီး
ပင်။အောက်က လူအုပ်စုကြီးမှာထိုမြင်းလှည်းပေါ်က
နတ်ဘုရားအားကြည့်ကာခေတ္တမျှရင်သပ်ရူမောမိသွား
သေးသော်လည်းသေချာပြန်ကြည့်လျှင်ထိုလူငယ်က
အမတ္တနတ်ဘုရားတစ်ပါးမဟုတ်ဘဲ ဂျီယာကိုသစ္စာဖောက်ခဲ့တဲ့အရှက်မရှိတဲ့စစ်သူကြီးပင်။အောက်ကဒေါသထွက်သွားသောလူအုပ်ကြီးသည်အမျိုးသားအား လက်ညိူးထိုးကာအားရပါးရဆဲဆိုတော့သည်။မကြားဝံမနာသာစကားတွေက အရပ်လေးမျက်နှာတစ်ခွင်ပျံလွင့်သွားရပြီးတစ်ချို့ဒေါသ ကြီးသူတွေကတော့တွေကရာပစ္စည်းနှင့်ထိုလှောင်ချိုင့်ထဲကလူအားပစ်ပေါက်တော့သည်။
တော်သေးသည်က.....ထိုပစ္စည်းတွေက သံလှောင်ချိုင့်
ထဲကလူကိုလာမမှန်။လှောင်အိမ်ထဲ ကလူကတော့
ထိုအဖြစ်အပျက်ကြီးကိုဘာမှမသိသူပမာမျက်စိမှိတ်ရင်း
မြင်းလှည်းခေါ်ဆောင်ရာနောက်ကိုအသာတကြည်လိုက်
လာခဲ့သည်။

Legend Of Male Empress(Completed) Where stories live. Discover now