Part.6

6.7K 793 53
                                    

နေရောင်ပြပြဂျီယောနန်းတွင်းကိုခစားသည်နှင့်အရှေ့ဘက်နန်းစောင့်စစ်သားဆီမှအချက်ပေးခေါင်းလောင်းခြောက်ချက်တီးပြီးဖြစ်သည်။များမြောင်စွာသောနန်းတွင်အမူ့တော်ထမ်းတို့သည်ကိုယ်စီကိုယ်ငှတာဝန်တို့ကိုထမ်းဆောင်ကြရပြီးအနောက်နန်းဆောင်ကအပျိုတော်တစ်သိုက်တို့မှာလည်း ရွှေဇလား၊အမွှေးနံသားပုံးများဖြင့်အဆောင်တော်အတွင်းသွားကြလာကြဖြင့်ရှုပ်ယှက်ခတ်ကုန်ကြသည်။

ဘယ်လောက်ဧကရဇာ်အရှင်၏ချစ်မြတ်နိုးတော်မူ
သောမိဖုရား၊ကြင်ယာတော်တွေပဲ ဖြစ်နေပါစေ၊
ဓလေ့ထုံးတမ်းတွေအရတော့မနက်မိုးလင်းရေမိုးချိုး၊ကိုယ်လက်သန့်စင်၊အလှပြင်ပြီးသည်နှင့်ဧကရာဇ်၏မယ်တော်ကြီးအားသွားရောက် အခစားဝင်ရသည်။ဒါ့ကြောင့်မိဖုရားကြင်ယာတော်အားလုံးမှာတစ်ခြားအမူ့ထမ်း၊ဝန်ထမ်းတွေထက်အိပ်ယာစောစီးထကျရပြီးနှင်းဆီပန်းပွင့်တွေဖြန့်ကျဲထားသောရေတွင်ကိုယ်လက်သန့်စင်ကြသည်။ထို့နောက်အမွှေးရနံတွေထုံမွှမ်း
အောင်ပြင်ဆင်ခြယ်သပြီးအဆောင်အယောင်ကိုယ်စီဖြင့်မယ်တော်ကြီးဆီအရောက်လာဂါရဝ
ပြုနှုတ်ဆက်ကြသည်။

မယ်တော်ကြီးကအသက်သိပ်ကြီးလှသေးသည်မဟုတ်။လေးဆယ်ကျော်အရွယ်တစ််ခုဖြစ်ပြီး နုပျို
လှပပျိုမြစ်သေးသည်။တစ်ဆထက်တစ်ဆအသက်ကြီးသည့်ဇရာအရွယ်တစ်ခုကိုရောက်လာသည့်တိုင့်အသားအရေလှပခြင်းကြောင့်ကျက်သရေမင်္ဂလာ အပေါင်းနဲ့ပြည့်စုံနေ
သောသူမသည်ငယ်စဥ်တုန်းကဘယ်လောက်တောင်ချောမောလှပ ပါမည်နည်း။ပြေးကြည့်စရာပင်မလိုအပွေးမြင်အပင်သိတစ်ကယ့်ကိုအလှပဂေးလေး။

မနက်မိုးလင်းနေစပျိုးချိန်...မယ်တော်ကြီးနန်းဆောင်ရှိဧည့်ဆောင်အတွင်းမိဖုရားမောင်းမမိသံတစ်သိုက်မှာစုရုံးရောက်ရှိလာသည်။သူမတို့အားလုံးအဆင့်သတ်မှတ်ချက်ကိုယ်စီဖြင့်အမြင့်အနိမ့်စီခွဲကာထိုင်နေကြပြီးတစ်ယောက်နဲ့တစ်ယောက်အကဲခတ်လေ့လာနေကြ
သည်။လစ်လပ်နေသောမိဖုရားခေါင်ကြီးဧကရီနေရာအတွက်အပြိုင်အဆိုင်ကြိုးစားနေရချိန်နှာတစ်ဖျား၊လက်တစ်ဆစ်သာသွားမည်ကိုတောင်မကြိုက်။

Legend Of Male Empress(Completed) Where stories live. Discover now