Part.7

6.5K 756 27
                                    

သုံးလေးရက်အကြာတွင် ထယ်ယောင်းနည်းနည်းထူထူထောင်ထောင်ဖြစ်လာသည်။ခပ်ယဲ့ယဲ့သာရှိသောသူ့ခန္ဓာကိုယ်ကြီးအားအရှင်မင်းကြီးကရည်ရွယ်ချက်ရှိရှိပိုးမွေးသလိုကိုဂရုစိုက်ရှာပါတယ်။အမူ့ထမ်း၊အခြွေအရံတွေထားပေးထားပြီးထယ်ယောင်းအတွက်ဘာမှလိုလေသေးမရှိ။

ထယ်ယောင်းကမူမသိုးမသန့်စိတ်ခံစားချက်ကြီး
​ကြောင့်ထိုဇိမ်ရှိသောနန်းဆောင်ကြီးတွင်ကြာကြာမနေချင်။သူကထောင်ထဲတွင်သာရှိသင့်သည့်သစ္စာဖောက်လောက်ကောင်တစ်ယောက်။အကျဥ်းထောင်တွင်ဆင်းရဲဒုက္ခ ခံပြီးရှိသင့်သည့်အစားဒီလို နန်းဆောင်ကြီးတွင်ချမ်းသာသုခခံစားပြီးမိန့်မိန့်ကြီးရှိနေသည်မှာမဖြစ်သင့်။

ဒီဝူရွှယ်နန်းဆောင်ကြီးကအရင်ဧကရာဇ်လက်ထပ်တွင်တံခါးပိတ်သော့ခတ်ထားရသည့်အပိုနန်းဆောင်ကြီးသာ။ဝူရွှယ်နန်းဆောင်က မိဖုရားတွေနေတဲ့အနောက်ဆောင်နဲ့အဝေးကြီး။ဧကရာဇ်ငယ်သာ သူ့မိန်းမတွေဆီအဆောင်တော်ကူးသွားချင်ရင်လမ်းခရီးဖင့်နိုင်သည်။ဒါ့အပြင် နန်းဆောင်ပရဝုဏ်နဲ့လည်းလှမ်းသေးတယ်။အဘယ်ကဲ့သို့အတွေးမျိုးဖြင့်ဧကရာဇ်ငယ်သည်ဝူရွှယ်အားနေထိုင်ရာနန်းဆောင်အဖြစ်ရွေးချယ်ခဲ့သည်ထယ်ယောင်းစဥ်းစားလို့ကိုမရ။ဂျီယောနန်းတွင်း၏အချက်အချာကျပြီးမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ပင်မနန်းဆောင်ကြီးကိုအလဟာသလိုစွန့်ပစ်ထားသည်မှာအလွန်တစ်ရာမှနှ​မြောဖွယ်ကောင်း၏။

ဒါတွေထားလိုက်ပါလေ....ဧကရာဇ်ငယ်ဘယ်နန်းဆောင်နေနေထယ်ယောင်းနှင့်ဆိုင်သည်မဟုတ်။
သူနှင့်ဆိုင်သည်အမြန်ဆုံးနေပြန်ကောင်းအောင်လုပ်ပြီးသူအပြစ်ရှိရာအကျဥ်းထောင်ကြီးကိုပြန်
သွားရမယ်။

ကံကြမ္မာကသူ့ကိုမသေစေချင်မှတော့
အပြစ်ကြွေးတွေရဲရဲဝံဝံဆပ်ရင်းဘဝတစ်လျှောက်လုံးနေသွားရုံသာ။ဒါမှတမလွန်မြေအောက်ကမ္ဘာတွင်ဆုံးပါးသွားသောရဲမက်ညီအစ်ကိုများနဲ့တွေ့ရင်လိပ်ပြာလုံနိုင်ပါလိမ့်မည်။

ထယ်ယောင်းဟင်းကနဲသက်ပြင်းတစ်ချက်ချရင်းကုတင်ပေါ်ကနေဖြည်းဖြည်းချင်းထလိုက်တယ်။အရင်ကထက်သိသိသာသာလျှော့သွားတဲ့ကိုယ်အလေးချိန်ကြောင့်စက္ကူရုပ်ကလေးတွေလိုးပါးပါးလှပ်လှပ်။

Legend Of Male Empress(Completed) Where stories live. Discover now