Part.23

5.8K 749 39
                                    

"ထယ်ယောင်းအရမ်းပင်ပန်းနေခဲ့မှာပဲ...."


"ဒါပေါ့၊ မဟာတံတိုင်းကြီးဆောက်ရတာသိပ်ကိုပင်
ပန်းခက်ခဲတယ်။ကင်မ်ထယ်ယောင်းလို စစ်ရူံးသုံ
ပန်းတစ်ယောက်အတွက်ပိုပြီးခက်ခဲတယ်။ထယ်
ယောင်းနဲ့အတူအဖမ်းခံရတဲ့လူတစ်ဝက်က၊အဲ့ဆောက်လုပ်ရေးမှာညှင်းပန်းနှိပ်စက်ခံရရင်းသေသွားကြတယ်။သေတဲ့အလောင်းတွေဘယ်လောက်များလဲဆိုရင် အဲ့တံတိုင်းကြီးဘေးနားမှာမြေတူးပြီး
အလောင်းအားလုံးကိုစုပြုံမြုပ်ရတာ၊သိပ်​ကြောက်
ဖို့ကောင်းတဲ့ငရဲခန်းကြီးပေါ့"


(အပေါ်က အမှန်ပါ...မဟာတံတိုင်းကြီးကိုဆောက်
ရင်းချင်တိုင်းပြည်ရဲ့ ​ပြည်သူတွေရော၊သုံပန်း
တွေရော၊အစာရေစာရှားပါမူ့၊အလုပ်ပင်ပန်းဒဏ်
တွေပေါင်းကာအများကြီးသေဆုံးခဲ့ရပါတယ်။
ဘယ်လောက်များလဲဆို...တစ်ချို့အလောင်းတွေ
ဆိုမြေမြုပ်မနေဘဲဒီအတိုင်းအလောင်းတွေပေါ်
လမ်းဆက်ခင်းသွားပါသတဲ့)

ဘုရင်ငယ်ဂျောင်ကု၏လက်တွေသည်ကြွေဖန်ခွက်
လေးအားတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လို့။ချစ်တဲ့သူကအခြားတိုင်းပြည်တွင်စစ်သုံ့ပန်းအဖြစ်ဆင်း
ရဲဒုက္ခ ခံနေချိန်သူကတော့အေးအေးလူလူရွှေနန်း
တော်အတွင်းစာသင်စာအံရင်းကောင်းမွန်လုံခြုံစွာ
နေခဲ့ရသည်။

တိုင်းပြည်၏အစွန်းသတ်နယ်စပ်စည်းသည်ဘယ်
လောက်ထိအရေးကြီးသနည်း။ထိုနယ်စပ်စည်း
ကျိုးပေါက်ခြင်းကတိုင်းပြည်ကျူးကျော်ခံရခြင်း
၏အစ၊ပျက်သုန်းခြင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သလို၊စစ်ပွဲတွေ၏မီးပွားမီးပေါက်လေးတွေကြောင့် တိုင်းသူပြည်သားတွေလည်းမငြိမ်းချမ်းနိုင်တော့။

"ဒီမင်းသားက အဲ့ငရဲခန်းကနေထယ်ယောင်းကို
ကယ်ခဲ့တာ။ဂျီယောရဲ့စစ်သူကြီးတစ်ယောက်
အနေနဲ့သူ့ကိုလေးစားရမယ်လေ။ဧကရာဇ်ချင်ဝူ
တိကိုအကျိုးအကြောင်းအညီနားချဖို့သုံးရက်
လောက်ကြိုးစားလိုက်ရတယ်။ချင်ဝူတိ ဆိုတဲ့
ဘုရင်ကရက်စက်ကြမ်းကြုတ်ပြီးသူရဲကောင်း
တွေကိုတန်ဖိုးထားရမှန်းမသိတဲ့ကောင်။ဘယ်သူ
သိမှာလဲ...ချင်ဝူတိကငါ့ကိုအရွဲ့တိုက်ချင်စိတ်နဲ့
ကင်မ်ထယ်ယောင်းကိုနန်းတွင်းအကသဘင်သည်
တွေဆီပို့လိုက်တယ်"

Legend Of Male Empress(Completed) Where stories live. Discover now