[ 비]

1.1K 83 7
                                    

''မတွေ့တာကြာပြီ နော်
Kim Sunoo Shi. . ''

ဒီအသံပိုင်ရှင်ဟာ နှလုံး သားတနေရာကိုအမြဲလူပ်ခတ်နိုင်စွမ်းရှိသူပါ....

အရာရာကိုတုံ့ဆိုင်းတွေဝေသွားအောင်ထိ
ပြုစားနိုင်သည်မှာ ယခုထိမပြောင်းလဲသေး

စကားလုံးတွေ မထွက်လာတော့နိုင်အောင်ထိ
အသက်ရူဖို့မေ့လျော့လောက်အောင်ထိ...
အမူအရာ ခံစားချက်ကို ထိန်းချုပ်ဖို့ခက်လောက်အောင်ထိ....

အဲ့ ဒီလောက်ထိ သဘောကျမိခဲ့တယ်..။

///

2020 June 24...

ကံကြမ္မာ က ဖန်တီး သော
တွေ့ဆုံခြင်း ဆိုင်ရာ ရေစက်များ....

------------------
တွေ့ဆုံခြင်း ဆိုင်ရာ တိုက်ဆိုင်မှုဖြစ်ရပ် ၁

မိုးဦးရာသီ ဖြစ်တာကြောင့် ကောင်းကင်
တခွင်လုံးက အုံ့မိူင်းလျက်...

မျက်မှန် အဝိုင်းလေးအောက်ဆီက မျက်ဝန်းညိုညိုတွေက ဆွေမြေ့မြေ့ကောင်းကင်ဆီမော့ကြည့်လိုက်သည် ။

''မိုးကရွာမှာလား...?''

ကော်ဖီဆိုင်လေးအတွင်းထောင့်နေရာဝိုင်းဆီမှာ စာအုပ်ဖတ်ရင်း တကိုယ်တည်း
ငြီးငြူမိရာ...

''ရွာမယ်ထင်တယ် ''

သူစိမ်းတယောက်အသံကြောင့် ဆောနူမော့ကြည့်မိရာ...စားပွဲထိုး ကောင်လေး...ဖြစ်နေသည် ။ လင်ဗန်းထက်ဆီက ကော်ဖီ ပန်းကန် နှင့် စတော်ဘယ်ရီ ကိတ်အပိုင်းကို
သူ့ရှေ့မောက်ချပေးရင်း.... အဓိပ္ပာယ် မဲ့သောမျက်ဝန်းများဖြင့် ကြည့်နေသည် ။

'' Latte နဲ့ strawberry cake ရပါပြီ ဗျ ''

''အာ..ကျေးဇူး ''

အနီနှင့်အနက်ရောင်စပ်ထားသော uniform
နှင့်ကောင်လေးက အချိန်ပိုင်းလုပ်တဲ့ တက္ကသိုလ် ကျောင်းသား ပုံစံပင် ။

'' မိုးရွာမှာစိုးနေတာလား ဧည့်သည် ''

'' ဟုတ်တယ် ..ထီးမပါလာလို့လေ ''

''အာ...ဟုတ်ပါပြီ ကျွန်တော့်ကို
ခွင့်ပြုပါအုံး ''

သူ့ကိုတခုခုကူညီပေးမလားမသိစိတ်ကမျော်လင့်နေမိသော်ငြား ကျောခိုင်း သွားသူကြောင့်အနည်းငယ်စိတ်ပျက်သွားမိရာ....

끝 (sunki)Where stories live. Discover now