(커피)

342 56 6
                                    


ချစ်မိသွားတဲ့အခါ ပိုနီးကပ်နေချင်စိတ်က
ငါတို့ကိုပိုဝေးစေသလိုပါလား။

အဲ့တာ ကိုငါမကြိုက်ဘူး ။

==========

'' ဆောနူ ဖျားနေပီ ''

နီခီက ဆောနူဆီကနေ ဖယ်ရှောင်
သွားသည် ။

မိုးသည်လည်းစဲစပြုလာနေပြီ ။

'' အင်း ငါပြန်သင့်ပီထင်တယ် ''

''Bus နားထိ လိုက်ပို့ပေးမယ် ''

'' ရတယ် စဥ်းစား စရာရှိနေလို့
တယောက်ထဲသွားလိုက်မယ် ''

''အဆင်ပြေပါ့မလား နေမကောင်းဖြစ်နေတာထင်တယ်နော် ''

နီခီ မျက်ဝန်းထဲက ပူပန်မှုတွေက အတိုင်းသားပင် ။

မင်းငါ့ကို စိတ်ပူနေတာလား...
ဘာအတွက်ကြောင့်လဲ..

ငါတို့ ကြားမှာ မမြင်ရပေမဲ့
စည်းတခုခြားနေသလိုမျိုး...

စည်းကျော်ချင်အောင်ထိလုပ်နေခဲ့ပြီးမှ
အဲ့စည်းကို မင်းက ဆွဲထားတာ ။

//

ဆောနူ လမ်းလျောက်လာရင်း Bus ဂိတ်နားရောပ်သည်အထိ သူ့ကျောဘက်ဆီက ခြေသံတိုးတိုးဟာ ထပ်ကြပ်မကွာ ကပ်ပါလာကြောင်းခံစားမိခဲ့ပါသည် ။

သူက လိုက်လာခဲ့တယ်....

ကားပေါ်သို့မတက်မှီလည်ပြန်ကြည့်မိတော့
နှလုံး သားတနေရာက တနေ့ထဲမှာပင် နှစ်ကြိမ် လေးပင်မှုကိုခံစားရသည်သာအဖက်တင်ခဲ့ရသည် ။

''အဟက်...ငါကအထင်မှားခဲ့မိတာပဲ ''

နီခီက အခြားတယောက် နဲ့စကားပြောနေတာ
အဲ့တယောက် က လည်း အစကတည်းက
စောင့်နေသလိုမျိုး....

ကော်ဖီမကြိုက်ဘူးပြောခဲ့တဲ့ နီခီ လက်ထဲမှာ
အဲ့တယောက်ပေးတဲ့ ကော်ဖီဗူးကိုတော့
ခပ်တင်းတင်း ကိုင်ထားခဲ့တယ်လေ ....

သူက ကော်ဖီမကြိုက်တာမဟုတ်ပဲ
ငါပေးတဲ့ ကော်ဖီကိုမကြိုက်တာဖြစ်မယ်...

******

ရက်သတ္တပတ်ခန့် ရှိပြီ...

ဆောနူ studio ကိုလည်းမသွားသလို
ကော်ဖီဆိုင်တွေလည်းမသွားဖြစ်ပါ...။

끝 (sunki)Where stories live. Discover now