ငါ သူ့ကို ချစ်မိသွားတယ်...
သံယောဇဉ်တွေတေချစ်ခြင်းမေတ္တာတွေ အကုန်လုံး ကို သတိကြီးကြီးထားပြီးနေခဲ့ပေမဲ့လည်း....ငါက သူ့ဆီမှာ
ကြွေဆင်းသွားခဲ့တယ်။------
မိုးသည် တဖွဲဖွဲ မစဲနိုင်အောင်ရွာသွန်းလျက်..
ဆောနူ ဦးတည်ချက်မရှိလျောက်နေခဲ့သည်ဟုထင်သော ခြေလှမ်းများသည် တစုံတယောက် ဦးဆောင်မှု နောက်သို့ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်းကို နောက်ကျမှသိခဲ့ပါသည် ။
'' ဒါ ကျွန်တော့် အိမ် ''
'' ဘာလဲ? တမင်ဒီကိုလာတာလား? ''
''မဟုတ်ဘူး ဒီလိုပဲ ရောက်လာတာ ''
''လိမ်နေတာပဲ ''
'' မိုးကတိတ်ဖို့ကြာအုံးမှာ
အအေးပတ်လိမ့်မယ် '''' ရပါတယ် ''
ဆောနူရဲ့ လက်ကောက်ဝတ်ကို တင်းကျပ်ကျပ်ဆုပ်ပြီး ဆွဲခေါ်နေတဲ့ ကောင်လေးက
တချိန်ထဲမှာ နူတ်ခမ်း ဖူးဖူးတွေကို လက်ချောင်း ထိပ်လေးဖြင့်ထိရုံသာ ထိတွေ့လာသည် ။''ဘာကိုရတာလဲ ဒီနူတ်ခမ်းတွေက
ပြာနေပြီ ''''ဒါပေမဲ့ လည်း...''
''ကျွန်တော် တယောတီးတတ်တယ် ''
''ဟင်ရုတ်တရက်ကြီး တယောလား? ?''
'' တယောတီးပြချင်တယ်
နားထောင်မလား? ''ဆောနူမျက်လုံးတွေ တလက်လက်ဖြစ်သွားသည်ကို မိုးရေစက်ခိုနေတဲ့ မျက်တောင် တွေအောက်မှာ တွေ့နိုင်ပါတယ်...
'' တကယ်တီးတတ်တာလား? ''
''နဲနဲလေး သင်ယူဖူးတာ ''
''အင်း...နားထောင်ကြည့်ရအောင် ''
ထူးဆန်းတယ်
အကြောင်းအရာမျိုးစုံကို
အစပ်စပ်မရှိသလိုရုတ်တရက်
ပြောတက်ပေမဲ့လည်း ...အဆုံးမှာတော့ ငါတောင်မသိလိုက်ဘဲ...
ငါက သူပြောသမျှစကား ကို
သူသဘောအတိုင်း ဖြစ်အောင်
လိုက်နာမိသွားတယ်... ။
YOU ARE READING
끝 (sunki)
Fanfiction𝑆𝑢𝑛𝑘𝑖 𝑓𝑎𝑛𝑓𝑖𝑐𝑡𝑖𝑜𝑛 [𝐮𝐧𝐢 +𝐳𝐚𝐰𝐠𝐲𝐢] 𝐈𝐟 𝐈 𝐜𝐚𝐧 𝐭𝐫𝐮𝐧 𝐛𝐚𝐜𝐤 𝐭𝐡𝐞 𝐭𝐢𝐦𝐞 ... 𝐈 𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐦𝐢𝐥𝐞 𝐚𝐥𝐥 𝐭𝐡𝐞 𝐭𝐢𝐦𝐞..𝐥𝐨𝐯𝐞 ♡︎