သံသယမျက်လုံးတွေထဲကစကားသံတွေကျွန်တော်ကြားနေရတယ်
အဲ့တာကို...သိလား...?
ကျွန်တော် က ခင်ဗျား တယောက်ကိုပဲ
မလိမ်ညာဖူးတာပါ ။============
ယနေ့ နီခီ အနေနှင့် ဂျောင်ဝန်း နဲ့အတူလိုက်ပါဖို့ရန်လုံးဝပင်အစီစဥ်မရှိခြင်းတော့မဟုတ်ခဲ့ပါ ။
ဒီတိုင်း ဆောနူ ကို တွေ့ချင်ရုံပြီးတော့
ဘယ်မှာဘယ်လိုနေလဲ သိချင် မိရုံကလွဲရင်
ရည်ရွယ်ချက် မရှိ.....ဆောနူအိမ်သို့မရောက်မှီညနေခင်းကားပေါ်တွင် ဂျောင်ဝန်း ဖေဖေက ကားမောင်းလျက်ရှိပြီး ဂျောင်ဝန်းရဲ့မေမေကဘေးတွင်ထိုင်သည် ။
''သား... နီခီလေးပါခေါ်လာခဲ့တာလား? ''
''အင်းလေ...''
ဂျောင်ဝန်းမေမေက ကားမှန်ကနေတဆင့်နီခီကိုလှမ်းကြည့်သည် ။
''အန်တီ ကတမျိုးပြောတယ်မထင်ပါနဲ့နော်
ဒါက ဂျောင်ဝန်း ဖေဖေရဲ့မိတ်ဆွေ နှစ်အကြာကြီးနေမှပြန်ဆုံဖို့ဖိတ်တဲ့ ညစာမလို့ ''''ရပါတယ် အန်တီ ကျွန်တော်
နေခဲ့လိုက်ပါမယ် ''''ဘယ်ဟုတ်မလဲကွ ... မင်းကလည်းကလေးကို မင်းသားကိုဇွတ်ခေါ်လာတာ ပဲ ''
ဂျောင်ဝန်းက ခပ်ဟ ဟရယ်ရင်း...နီခီပခုံးထက်တွင်မှီလိုက်တော့ နီခီအသက်ပင်မရူရဲ..
ဂျောင်ဝန်း မိဘများကိုလည်းအားနာမိသည်။
''ကျွန်တော်က အကြောင်းရှိလို့ခေါ်လာတာပါနော် ''
''ဟေ..ဆိုစမ်းပါအုံး! ''
''ဆောနူ Hyung က မူရာ
နဲ့အရင်သိတာ ကျွန်တော် နဲ့ တောင်မရင်းနှီးဘူး သူ့ကြည့်ရတာလည်းကျွန်တော့်ကိုမြင်ရင်အနေခက်နေသလိုပဲမလို့ ပိုလွယ်ကူအောင် နီခီကိုခေါ်လာတာ! ''''အော..ဘယ်လိုသိတာလဲ? ''
ဂျောင်ဝန်း မေမေက သံသယအနည်းငယ်ပါသောမျက်လုံးများနှင့်ကြည့်ကာအစ်သည် ။
''မတော်တဆ ဆုံရင်းပဲ သိလိုက်တာပါ..
အန်တီ သိပ်လည်းမရင်းနှီးပါဘူး''
YOU ARE READING
끝 (sunki)
Fanfiction𝑆𝑢𝑛𝑘𝑖 𝑓𝑎𝑛𝑓𝑖𝑐𝑡𝑖𝑜𝑛 [𝐮𝐧𝐢 +𝐳𝐚𝐰𝐠𝐲𝐢] 𝐈𝐟 𝐈 𝐜𝐚𝐧 𝐭𝐫𝐮𝐧 𝐛𝐚𝐜𝐤 𝐭𝐡𝐞 𝐭𝐢𝐦𝐞 ... 𝐈 𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐦𝐢𝐥𝐞 𝐚𝐥𝐥 𝐭𝐡𝐞 𝐭𝐢𝐦𝐞..𝐥𝐨𝐯𝐞 ♡︎