ကတိတွေဆိုတာ ချိုးဖျက်ဖို့ တည်တာမဟုတ်ကြောင်း
======
''ကြာလိုက်တာဗျာ!?''
ဆူပုတ်ပုတ်နဲ့ ဂျောင်ဝန်း က ပြောလာတာကြောင့် ဆောနူ အားနာစွာပြုံးပြ
လိုက်သည် ။''ရေခဲ့မုန့် ဖြစ်နေကျတယ်ထင်တာ ''
''ဆောရီးပါ... ''
နီခီ မျက်နှာ ပြုံးစိစိ ကြောင့် ဆောနူနှင့်အဆင်ပြေသွားပြီဟု ယူဆလိုက်သည် ။
လူကြီးတွေအပြင်ထွက်လာပြီမလို့ ဂျောင်ဝန်းလည်းဆောနူ လက်ထဲက ရေခဲမုန့်ကိုအမြန်ယူလိုက်သည် ။
ထို့နောက် နီခီဘက်သို့လှည့်ကာ....
နီခီရဲ့ လက်မောင်းတဖက်ကို ဆွဲယူလိုက်ခြင်းကို ဆောနူ အနည်းငယ် မျက်ခုံးရူံ့မိလိုက်သည် ။''မူရာ.. ငါတို့ပြန်ရတော့မယ် လာ !''
လူကြီး တွေက ရယ်မောမော ရှိလှသော်လည်း ဆောနူ မပြုံးနိုင်ပြန်...
နီခီက ဆောနူမျက်နှာ ရိပ်ကဲကိုကြည့်ရင်း
''ကျွန်တော် ဖုန်းဆက်လို့ရတယ်မလား? ''
''ဟင်? ''
အနီးကပ်တိုးကပ်ကာ မျက်ဝန်းညိုများကိုလေးလေးနက်နက်စိုက်ကြည့်သည် ။
'' ဆောနူ ထပ်ပီးသဝန်မတိုနေနဲ့နော်
သူငယ်ချင်း ကသူငယ်ချင်း ပဲဆိုတာ ကတိပေးပါတယ် '''' အင်း.. သိပြီ ''
ကတိပေးတယ်တဲ့....
သတိပေးချင် ခဲ့တာ... ကတိဆိုတာလွယ်လွယ်ပေးရတာမဟုတ်ဘူး...
''ပြန်ရောက်ရင်ဆက်လိုက်မယ်သွားပြီ! ''
''အွန်း ''
အိမ်အဝ တံခါးထိ နူတ်ဆက် လိုက်ပို့ပေးပြီးနောက်တွင်ဆောနူ အိမ်ခန်းဆီခပ်သုတ်သုတ်ပြန်လာသည် ။ အခန်းတံခါး ကိုဆွဲဖွင့် ရင်း
အိစက်စက် မွေ့ယာထက်ဆီ ကျောချလိုက်ကာမျက်လုံးများကိုမှိတ်လိုက်သည် ။''ကင်မ်ဆောနူ ခဏဆင်းခဲ့အုံး !!''
တံခါးခေါက်သံနှင့်အတူ ဖေဖေ့ရဲ့အာဏာသံကို ဆောနူ လျစ်လျူ ရူချင်မိသည် ။
YOU ARE READING
끝 (sunki)
Fanfiction𝑆𝑢𝑛𝑘𝑖 𝑓𝑎𝑛𝑓𝑖𝑐𝑡𝑖𝑜𝑛 [𝐮𝐧𝐢 +𝐳𝐚𝐰𝐠𝐲𝐢] 𝐈𝐟 𝐈 𝐜𝐚𝐧 𝐭𝐫𝐮𝐧 𝐛𝐚𝐜𝐤 𝐭𝐡𝐞 𝐭𝐢𝐦𝐞 ... 𝐈 𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐬𝐦𝐢𝐥𝐞 𝐚𝐥𝐥 𝐭𝐡𝐞 𝐭𝐢𝐦𝐞..𝐥𝐨𝐯𝐞 ♡︎