#unicode
#zawgyiတစ်ဝေါဝေါ ရွာချနေသော မိုး။
မြစ်ရေစီးသံဟာကျယ်လောင်စွာနှင်အတူသူရဲ့ အားမာန်အပြည့်ကိုဖော်ကျူးနေသကဲ့သို့ပင်။ ထူးဆန်းမှုကတော့ အမြဲထိန်လင်းနေတဲ့ ဒီရွာဟာ အခုချိန်မှာတော့တစ်ရွာလုံးအိမ်တိုင်းနည်းပါး
ဆီမီးက်ိုသာအသုံးပြုထားပြီး လျှပ်စစ်မီးတွေကို ပိတ်ထား ကြသည်။
ဒီည ဟာ ရွာရဲ့အရေးကြီးသော နေ့တစ်နေ့။ဒီညမှာတော့ရွာ ကိုစောင့်ရှောက်သည်ဟု ယုံကြည်ထားကြသော နဂါးမင်းရဲ့မျိုး နွယ်
နဂါးစံအိမ်တော် က အိမ်ရှေ့စံ မင်းသားနှင့်အတူ စိုင်းလုကောရွာရဲ့ အပျိုတော်ဟာတွေ့ဆုံကြပြီးကျေးဇူးဂုဏ်ဖွဲ့စာချိုးနှင့်အတူ နဂါးချော့ပွဲကျင်းပရမည့်နေ့ရက်။နှစ် နှစ်ဆယ်တွင်တစ်ခါ သာ ဖြစ်တည်သောထ်ိုအစဥ်အလာဟာ စိုင်းလုကောရွာအတွက်တော့ငြိုငြင်မှုတစ်စိုးတစ်စိမှမရှိသော မြင့်မြတ်သောပွဲတော်ဟု ခံယူထားကြသည်။
မြစ်ကမ်းနားဘေးမှာ တည်ထားသောရွာပေမယ့် ရေစီးကြမ်းသော စိုင်းလုကောမြစ်ဟာ ရွာရဲ့မြေတစ်ပိုင်းကိုမှတိုက်စားခြင်းမရှိခြင်းဟာ စိုင်းလုကော ရွာကိုတည်ထားခဲ့သောနဂါးမင်းရဲ့ ဂရုဏာမေတ္တာပင်...။"မေတ္တာကိုဆက်ပါလို့
အပျိုကိုလှမ်းပါဖွဲ့
အဖြူရောင်နဂါးမင်းကိုကွယ်
အပျ်ိုစင်စေကာလွှတ်လ်ို့
ရွာတော်ကိုစောင့်ရှောက်စေကြောင်း
ဖွဲ့ကာနွဲ့ပါတဲ့
နှောင်ကြိုးဖွဲ့တေး..."ည ၇နာရီဒေါင်ဆိုတဲ့ စိုင်းလုကောရွာရဲ့ အိမ်တိုင်းမှ ထွက်ပေါ်လာတဲ့ နဂါးချော့တေးဟာ မိုးသံနဲ့အပြိုင် ထွက်ပေါ်လာသည်။
ဒိန်း....ဂျလိမ်း....။
ကျယ်လောင်တဲ့မိုးခြိမ်းသံနဲ့အတူ လျှစ်စီး တစ်ဖျတ်ဖျတ်လက်နေမှုကြောင့် ငြိမ်းချမ်းရေးရဲ့
ခန္တာကိုယ်သေးသေးလေးဟာ တစ်ဇက်ဇက်တုန်ခါနေသည်။ဆီမီးအကူရှိပေမယ့် အလင်းရောင်ကတော့ကောင်းစွာမရရှိနိုင်။
အဖြူရောင်ချည်ထည်ဘောင်းဘီအဖျားလေးတွေဟာ မိုးရေတွေစိုစွတ်လို့
မိုးလေ တစ်ဖြည်းဖြည်းသည်းတဲ့အခါ စောင်းထားတဲ့ ထီးလေးကိုလည်း ပိုမိုလုံခြုံအောင်ကျစ်ကျစ်ပါဆုပ်ထားမိသည်။
YOU ARE READING
Fantasiအယိမ်းရဲ့အိမ်မက်တစ်ခုမှ ဇာတ်လမ်းဖွဲ့ရေးသားသည်။ အယိမ်းရဲ့အိမ်မက်တစ်ခုမှ ဇာတ်လမ်းဖွဲ့ရေးသားသည်။