မြတ်နိုးဖွဲ့ငင်ချစ်ကြိုးမျှင်..."3"

943 180 10
                                    

#unicode
#zawgyi

နာကျင်မှုနဲ့အတူ ပြန်လည်နိုးထ လာတဲ့အခါ ချမ်းပထမဆုံးတွေ့လိုက်ရတာက​တေ့ာသူ့ရဲ့ဘေးတွင်အိပ်စက်နေသော နဂါးစံအိမ်ရဲ့အရှင်သခင်ပင်။
ချမ်း ထိုအမျိုးသားကို နာကျင်စွာစူးစိုက်ကြည့်မိသည်။

တင့်တယ် ခမ်းနားမှုတွေနဲ့ တည်ရှိနေသော
သခင်လေးဟာည ကဖြစ်ရပ်တွေကို သူဘက်ကမဖန်တီးခဲ့သလို နှစ် ခြိုက်စွာ အိပ်စက်နေတော့တာပါပဲ..။

လောကကြီးကမတရားဘူး...။
နဂါးချော့ပွဲအတွက် နဂါးစံအိမ်ရဲ့အရှင်သခင်ငယ်တောင်းဆိုမှုသည် ငြိမ်းချမ်းရေးဆိုတဲ့ သူရဲ့လူပျိုစင်ဘဝပင်...။

/မင်းနာမည်ကို ငြိမ်းချမ်းရေးတမာန်လို့မှတ်ယူထား/

အိမ်မက်ဆန်ဆန်အပြောဟာ ချမ်းရဲ့နားထဲပြန်လည် ကြားယောင်မိတဲ့အခါခါ အားနည်းစွာ လဲပြိုခဲ့ရသော ပေးဆပ်ခဲ့ရသော ကိုယ့်ဘဝကို နာကျင်ပြီး မျက်ရည်ကျမိသည်။

အဆိုးထဲကအကောင်းအနေနဲ့ တော့ ချမ်းကအရင်စောစီးစွာ နိုးထလာခြင်းကို ဘုရားရှင်အားကျေးဇူးတင်မိပါတယ်...။
မဟုတ်ရင်ဒီလိုရှက်စရာ ကောင်းတဲ့ ပြစ်ဒဏ်ခံရခြင်းကို ထိုလူမှ ဘယ်လိုရက်စက်မှုမျိုးနှင့် ချေမှုန်းချမလဲဆိုတာမသိနိုင်...။

ချမ်းကြားဖူးတာတော့ နဂါးစံအိမ်တော်က အရှင်သခင်တွေဟာ မြင့်မြတ်တဲ့မျိုးနွယ်တွေနှင့်လက်ထက်ပေါင်းဖက်ကြပါသတဲ့...။

သိက္ခာတရားကို ထိပါးခံရခဲ့ပြီးပြီမို့ မာနတရားကိုရိုက်ချိုးခံရနိုင်သည်ဟုတွေးမိတဲ့အခါ ချမ်းထိုသခင်​​လေးကိုကြာကြာမကြည့်နိုင်ဘဲ ကြမ်းပြင်ကို အားထောက်ပြီး စိတိလိုက်မာန်ပါမတ်တပ်ရပ်လိုက်မိသည်အထိပင်...။
ခန္တာကိုယ်အောက်ပိုင်းမှ စူးအောင့်နာကျင်မှုနှင့်အတူ ဝမ်းဗိုက်တွင်းမှလည်းဆိုးဆိုးဝါးဝါးနာကျင်နေသည်။

အဝတ်အစားများကိုပြန်လည်ဝတ်ဆင်ထားခဲ့ပေမယ့် ခန္တာကိုယ်ကတော့မသန့်ရှင်းဟန် သူရဲ့အနောက်ကိုယ်တွင်းအပေါက်ငယ်မှစိုစိနေသောအရေများစီးကျနေမှုကိုခံစားနေရတဲ့အခါ ချမ်း ရဲ့မျက်ဝန်းတွေဟာပိုနာကျင်သွားသယောင်...။

 မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင် (မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင်)Where stories live. Discover now