မြတ်နိုးဖွဲ့ငင်ချစ်ကြိုးမျှင်"5"

807 177 17
                                    

#unicode
#zawgyi

သန်ခေါင်ယံရေထယူရင်း လသာဆောင်ထက်တွင်လူရိပ်တွေ့တာမို့ စည်းမျဥ်း သွားကြည့်လ်ုက်သည်။
အချိန်အားဖြင့် ၁နာရီထိုးနေပြီ။
အခုချိန်ထိအိပ်မပျော်သေးနိုင်သူ မှာ သူရဲ့
တူတော် သာဖြစ်မည်ပင်...။

"အခုထိမအိပ်သေးဘူးလား..."

အတွေးတွေဖြန့်ကျက်ရင်း အသံကြားလို့ဝီနောက်ကိုလှည့်ကြည့်လိုက်သည်။
ဦလေး ဖြစ်နေတာမို့ ဝီပြုံးကာ ခေါင်းခါပြလိုက်သည်။
အရပ်မြင့်မြင့်ရုပ်ရည်ရူပကာမှာတင့်တယ်ကာ အသက်၃၀အရွယ်လို့မထင်ရလောက်အောင်ထိဦးလေးကနုပျိုလွန်းသည်။

အခုပဲကြည့််လေ..။သန်းခေါင်းယံတစ်ရေးနိုးတာတောင်စမတ်ကျလွန်းသည်။ စီးပွားရေးပိုင်းမှာဦးလေးဟာ ဒိတ်ဒိတ်​ကြဲ​​နေရာမှာမို့ထက်​​မြတ်လွန်းတဲ့ဦလေးစည်းမျဥ်းတမာန်ဟာဝီ့အတွက်တော့စံထားစရာ လူတစ်ဦး ပင်...။

"ဘာတွေစိတ်ဆင်းရဲနေလဲဝီ..ပြီးပြည့်စုံတဲ့ကလေးတွေကလည်းစိတ်ဆင်းရဲတတ်တာပဲလား"

ခပ်ပြုံးပြုံး နှင့် ဝရံတာကို မှီတာ ဝီ့ကိုစေ့စေ့ကြည့်ပြီး မေးလာတဲ့ စည်းမျဥ်း..။

ဝီသက်ပြင်းချပြီး တွေဝေနေတဲ့စိတ်အစံဖြင့်သူ့အနားတွင်ရပ်နေသော ဦလေးကိုကြည့်ကာမေးခွန်းထုတ်မိသည်။

"ရွာထဲကအပျိုတော်ကောင်လေးကို ကျွန်တော်ကျူးလွန်ခဲ့လောက်လားဦးလေး..."

ဝီရဲ့ ခပ်တိုးတိုးမေးသံအောက်မှာ စည်းမျဥ်းရဲ့တွန့်ကွေးနေတဲ့နှုတ်ခမ်းပါးတွေဟာ မျဥ်းဖြောင့်တစ်ခုလိုဆန့်တန်းသွားသည်။ဒါပေမယ့် ချက်ချင်းပင်ပြန်ပြုံးလိုက်ကာ..

"ဝီကဘယ်လိုထင်လဲ..."

ဝီ သက်ပြင်းချပြီး ခေါင်းကိုခါရမ်းကာ

"ကျွန်တော်မသိဘူးဦလေး...ကျွန်တော်ကျူးလွန်းခဲ့ကောင်းကျူးလွန်နိုင်တယ်၊ မကျူးလွန်ရင်မကျူးလွန်နိုင်ဘူး...ဒါမယ့် ကျွန်တော်သာ ကျူးလွန်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်သူ့ကိုရက်ရက်စက်စက်အပြစ်ကျူးလွန်ခဲ့မိသလိုဖြစ်သွားပြီ၊ အဲ့ဒီအတွက်သူ့ကိုတာဝန်ယူမယ်ဆိုရင်တောင် ကျွန်တော်အပြစ်တွေကျေနိုင်ပါ​တော့မလား..."

 မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင် (မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင်)Where stories live. Discover now