မြတ်နိုးဖွဲ့ငင်ချစ်ကြိုးမျှင်"2"

1.1K 177 26
                                        

#unicode
#zawgyi

သင့်ပျံ့နေသော နံ့သားဖြူရနံ့ဟာ ချမ်းရဲ့ နှာခေါင်းတွင်းသို့ မွှေးကြိုင်စွာရောက်ရှိလာသောအခါချမ်းရဲ့ နီရဲစွတ်စိုနေသော နှုတ်ခမ်းဖျားလေးဟာကော့ညွန့်တက်သွားမိသည်။

အခုရောက်ရှိနေတဲ့ နေရာဟာ နဂါးစံအိမ်တော် ရဲ့ မည်သည့်နေရာလည်းဆိုတာသူ မသိသေး...။

နူးညံ့တဲ့အထိအတွေ့ ဟာ ခြေဖဝါးထက်မှ
တစ်ဆင့် ချမ်းရဲ့ ခန္တာကိုယ်တစ်ခုလုံးကိုပေါ့ပါးသွားစေသယောင်...။

နုညံ့သော သားမွှေးအထိအတွေ့ကို ၅လှမ်းလောက်လှမ်းပြီးသောအခါတွင်တော့ ချမ်းရဲ့ပခုံးသွယ်သွယ်လေးကိုဖိကိုင်ကာ ထိုင်ခိုင်းလိုက်သည်။

အခုရောက်ရှိနေသော နေရာမှာ မီးအလင်းရောင်ကောင်းကောင်းမရှိသော အခန်းတစ်ခုတွင်း ဖြစ်ချေလိမ့်မည်။

ဆီမီးဖယောင်းတိုင်ကိုသာဖွယ်ဖွယ်ရာရာထွန်းထားတာမို့အခန်းတွင်း အဝါရောင်အရိပ်တွေကိုသာ ပဝါအောက်မှတစ်ဆင်မြင်နေရသည်။

ဝိုးတဝါးမြင်နေရသော ပဝါအောက်မှတစ်ဆင့် မိမိရဲ့ရှေ့တွင် လှုပ်ရှားနေသောအရိပ်ငယ်ကို လိုက်လံကြည့်ရှုနေမိသည်။

ခြေဖျားလက်ဖျားတွေ အေးစက်မှုနှင့်အတူ မူမမှန်သော အသိအာရုံသည် ချမ်းရဲ့ နှလုံးသွေးကို ပိုမိုလျှင်မြန်တုန်ခါစေလာသည်။
မလုံခြုံမှုနှင့်အတူ အသက်ရှူသံခပ်ပြင်းပြင်းဟာ
ချမ်းရဲ့မျက်နှာနှင့် သိပ်မဝေးသော နေရာတွင်တည်ရှိနေဟန်...။
အခုချိန်ချမ်းရဲ့အသိစိတ်ထဲတွင် တစ်ခုသာရှိသည်။
သူ နဂါးချော့ပွဲကိုမြန်မြန်ပြီး ဆုံးအောင်အဆုံးသတ်ရမယ်...။
ဟုတ်တယ်.. ။စိတ်မလုံခြုံမှု စိုးဝါးလာတဲ့အခါ
နဂါးချော့တေးကို စတင်ရွတ်ဆိုဖို့ပြင်လိုက်သည်။

စည်း သူရဲ့ရှေ့တွင်ရှိသော ဖြူဖြူဥဥကောင်လေးကိုကြည့်ပြီး နှုတ်ခမ်းများတွန့်ကွေးတဲ့ အထိပြုံးနေမိသည်။
သူတွေးမိတယ်။ တကယ်လို့ ဒီကောင်လေးကိုသာသူပြစ်မှု တစ်ခုကျူးလွန်မိတယ် ဆိုရင်
သူရဲ့ တူတော်ဖြစ်သူကိုလည်း ပြသနာ ရှာနိုင်မှာဖြစ်သလို မြင့်မြတ်လှချည်ရဲ့ဆိုတဲ့ နဂါးမျိုးနွယ်ကိုလည်းစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်နိုင်မည်မဟုတ်လား။

 မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင် (မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင်)Where stories live. Discover now