မြတ်နိုးဖွဲ့ငင်ချစ်ကြိုးမျှင်"6"

1.4K 200 54
                                        

#unicode
#zawgyi

"မေမေသဘောမတူနိုင်ဘူးသားငယ်"

ဝီ မှာမျက်နှာပျက်သွားပြီးသူဘေးတွင်ရှိတဲ့ကောင်လေးကိုကြည့်လိုက်မိသည်။

နဂါးစံအိမ်က ဝီ့ရဲ့ဆုံးဖြတ်ချက်တွေကိုလေးစားမယ်လို့ထင်ခဲ့မိတာ။

စည်းမျဥ်းကတော့ငါထင်သလိုပဲဆိုတဲ့မျက်နှာမျိုးနဲ့နှုတ်ခမ်းမဲ့သွားသည်။

နဂါးစံအိမ်ကဘယ်တုန်းကများ တာဝန်ယူစိတ်သိတတ်စိတ်ရှိခဲ့လို့လဲ။
ဝီက ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသည်။

ဒေါ်မြတ်နိုးဝီမှာ သားရဲ့အနောက်တွင် ခြေစုံရပ်နေသော ကောင်လေးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး နှုတ်ခမ်းကိုမဲ့လိုက်သည်။

သူမသားဟာ ဘယ်တော့မှ ဒီလို ယုတ်ညံ့တဲ့အလုပ်မျိုးမလုပ်နိုင်။

ဒါကိုအမေဖြစ်တဲ့ သူမသာလျှင် အသိဆုံးပဲ။
အမြဲ ညှာတာ တတ် ၊ ကြင်နာတတ်တဲ့ကလေးဟာအခြားတစ်ပါးသူကိုဖျက်လိုဖျတ်စီးလုပ်တယ်ဆိုတာမဖြစ်နိုင်တာပဲ။

ဒေါ်မြတ်နိုးဝီ သူမသားရဲ့ဘေးတွင်ရပ်နေသော ငြိမ်းချမ်းရေးဆိုတဲ့ကောင်လေးကိုခပ်စေ့စေ့ကြည့်ကာ...

"မင်းရဲ့သိက္ခာမရှိစွပ်စွဲနေတာတွေရပ်ပစ်မယ်ဆိုရင် နစ်နာသွားပါတယ်ဆိုတဲ့ မင်းအတွက် နစ်နာကြေးဘယ်လောက်ပေးရမလဲ..."

အထင်အမြင်သေးစွာ စွပ်စွဲနေသော သခင်မကြီးကြောင့် ငြိမ်းချမ်းရေး ဇတ်ခနဲ​
ဖြစ်သွားသည်။
သူ မကျူးလွန်တဲ့ပြစ်မှုအတွက် သူကော သူမိသားစုပါသိက္ခာ ကျပြီး ရွာတွင်းမှာလည်းအရှက်သိက္ခာမဲ့ခဲ့ရသည်။

ချမ်းလူတွေကို နားကျည်းလှသည်။
သူပြောချင်ဆိုချင်တဲ့စိတ်လည်းကုန်နေပြီမို့ ဘယ်သူနဲ့မှ အငြင်းအခုံမလုပ်ချငိဘူး။

မတုန်မလှုပ် ​လုပ်နေတဲ့ ငြိမ်းချမ်းရေးဆိုတဲ့ကောင်လေးကိုကြည့်ပြီးခံပြင်းလာမိသည်။
ကြောက်ဖို့ကောင်းတဲ့ကောင်လေး...။

ဒီလိုလူတွေကပဲမာယာများတာ။
အခုလည်းကြည့်ပါလား။ နဂါးစံအိမ်ရဲ့လအရှင်သခင်ကိုပဲလက်ညိုးတည့်တည့်ထိုးလာတာပင်...။

 မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင် (မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင်)Where stories live. Discover now