မြတ်နိုးဖွဲ့ငင်ချစ်ကြိုးမျှင်"4"

800 169 26
                                        

#unicode
#zawgyi

အနည်းငယ်အ်ိုဟောင်းနေပြီဖြစ်တဲ့ ကျွန်းကုတင်လေးပေါ်တွင်လဲလျှောင်းနေသော ချမ်းရဲ့ ဘေးတွင် ရွာသူကြီးရယ် ရွာသူကြီးရဲ့အမျိုးသမီးရယ်ဟာ မျက်နှာမကောင်းစွာနှင့်တည်ရှိနေသည်။

"ဒီလိုနေလို့တော့ ဘယ်ဖြစ်မလဲ၊ ချမ်းက ဘာတွေကြုံခဲ့ရလဲ၊ ဘယ်သူနဲ့ဖြစ်ခဲ့တာလဲ ပြောပြမှဒေါ်ဒေါ်တို့က ဖြေရှင်းပေးနိုင်မှာပေါ့..."

အဖြေမရှိတဲ့ကောင်လေးမှာ သူတို့ကိုကျောပေးရင်းမျက်ဝန်းမှမျက်ရည်များစီးကျနေတော့ ကလေးနဲ့ထပ်တူ သူတို့ပါဝမ်းနည်းလာရသည်။

ချမ်းဆိုတဲ့သူတို့ရဲ့တူငယ်လေးမှာ သန္ဓေသားလောင်းစွဲကပ်နေပါသည်ဆိုတော့ အံ့သြရမည့်အစား ဘယ်လိုလူမျိုးကများ တူလေးကိုစော်ကားရက်လေလည်းလို့ယူကြုံးမရသာဖြစ်မိသည်။

နူးညံ့အေးဆေးတဲ့ ​ငြိမ်းချမ်းရေးဆိုတဲ့ ​ေကာင်လေးဟာဟော့ဟော့ရမ်းရမ်း မရှိသလိုအနေအထိုင်မတတ်တာမျိုးလည်းမရှိပါဘူး...။

ဦလေး ဖြစ်သူရဲ့ ရပ်ရွာကိစ္စတွေကိုကူညီဆောင်ရွတ်ပေးသလ်ို မြေနုသားပေါ်တွင်စိုက်ပျိုးထားတဲ့စပါးတွေကို တာဝန်ယူတဲ့ သူမရဲ့သားကြီး ဖြစ်သူ သြရာ နဲ့လည်း ဒိုးတူပေါင်ဖက် အတူလယ်လုပ်ငန်းကိုလည်းကူညီလုပ်ကိုင်ပေးနိုင်သည်။
မိသားစုကိုတာဝန်ကျေပွန်ချင်တဲ့ဒီက​​လေးဟာ
ငါတို့တင်ကျွေးထားရပါလားဆိုပြီးငြိုငြင်စရာမရှိရက်အောင်ငြိမ်ချမ်းရေးဆိုတဲ့နာမည်လိုက်
အောင်​ငြိမ်းငြိမ်းချမ်းချမ်းတည်ရှိတဲ့သူတို့ရဲ့တူငယ်လေး...။
ယောင်းမဖြစ်သူမှာသူကလေးကိုကိုယ်ဝန်ဆောင်ထားသည့်အချိန်တုန်းကလည်းနုနုညံ့ညံ့နှင့်အသားငါးတောင်အနံ့မခံနိုင်တာမို့ရင်သွေးကိုမိန်းကလေးများဖြစ်လေးမလားဆိုပြီးတစ်မိသားစုလုံးက ယုံကြည်ထားကြတာမျိုး..။

မွေးဖွားလာသည့်အခါ မျက်နှာဖုံးလေးပါသည့်
ရုပ်ရေအဆင်းလှပလွန်းသည့်ကောင်ငယ်လေး...။

( A/N... မျက်နှာဖုံးဆိုတာ မွေးကတည်းက မျက်တောင်မျက်ခုံးလှလှလေးတွေရှိနေတတ်ပြီး
မျက်နှာမှာ အရည်လွှာလေးမှာ မျက်နှာဖုံးသဖွယ်ကပ်ပါသည်ကိုဆိုလိုသည်)

 မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင် (မြတ်နိုးဖွဲ့ငင် ချစ်ကြိုးမျှင်)Where stories live. Discover now