have a crush on my teacher

323 11 0
                                    

‌have a crush on my teacher

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

‌have a crush on my teacher

Oneshot (gl)

'မတတ်ချင်ဘူး'

အိမ်မှာ အားယားအလေလိုက်နေလို့ မယ်တော်ကြီးက grammar classကို သွားတတ်ခိုင်းသည်။ စာလုံးတွေ မြင်ရင်အလိုလိုခေါင်းတွေမူးလာပြီး အလက်ဂျစ်တွေဖြစ်လာတာ...မယ်တော်ကြီးပြောတာကတော့ ငပျင်းရောဂါဖြစ်တာတဲ့။

'သွားတတ်ဆိုသွားတတ်လိုက်ပေါ့ မိဘက တော်စေချင်လို့ အကုန်ခံပြီးသင်တန်းထားပေးတာ'

ဆိုတော့ မိဘစကားမပယ်ရှားကောင်းဘူး...ဘာညာဘာညာ အလွတ်ရပြီးသား ဆုံးမစကားတွေကိုအပြန်ပြန်အလှန်လှန်နားထောင်ပြီးသကာလ...သင်တန်းကစာသင်ခန်း‌ကိုရောက်ရှိလာရသည်။

'အယ် တစ်ယောက်မှမရောက်ကျသေးဘူးလား'

မိန်းကလေးတစ်ယောက်က စာအုပ်တွေပိုက်ပြီးအခန်းထဲ၀င်လာသည်။

'ဒီမှာလူတစ်ယောက်လုံးထိုင်နေတာ တစ်ယောက်မှမရောက်သေးဘူးလို့ပြောရအောင် မျက်လုံးက ဘယ်ကြည့်နေတာလဲ'

၀င်လာတဲ့မိန်းကလေးက ကိုယ့်ကို အထူးအဆန်းလိုကြည့်သည်။ ကိုယ်ကလည်းမျက်မှောင်ကြီးကုတ်ပြီး ပြန်ကြည့်ပေးလိုက်သည်။ သူမကဘာမှမပြောဘဲ ထိပ်ဆုံးက စားပွဲမှာ ၀င်ထိုင်လိုက်သည်။ အာ...မိသော်တို့ပြသနာရှာမိပြီ။ အဲ့မိန်းကလေးက တီချယ်ထင်တယ်။ အဲ့လိုနဲ့ငါးမိနစ်လောက် ခြောက်ခြောက်ကပ်ကပ်ကြာပြီးသကာလ မိန်းကလေးတချို့နဲ့ ကောင်လေးတချို့ စာသင်ခန်းထဲ၀င်လာတယ်။

'ကဲအားလုံးဘဲတွေ့ရတာ၀မ်းသာပါတယ်နော် ပထမဆုံးနေ့ဆိုတော့နာမည်လေးတွေမိတ်ဆက်ကြပါအုံး'

ထင်တဲ့အတိုင်းဘဲ သူမကတီချယ်ဖြစ်နေရော။ အဲ့လိုနဲ့ ကလေးမတွေကသူတို့ကိုယ်သူတို့ မိတ်ဆက်ကြတယ် အားလုံးက ရှစ်တန်းကိုးတန်းကလေးတွေ ဒီအတန်းမှာ အဖွားကြီးဆိုလို့ ကိုယ်နဲ့တီချယ်ဘဲရှိမှာ အကုန်‌ကလေးတွေချည်းဘဲ။

My Oneshot CollectionsWhere stories live. Discover now