Love me please...
Short story (gl)
"အိုး...မ'မျက်နှာလေးဘဲ~ငယ် နေ့တိုင်းအမြဲတမ်း ငေးကြည့်မိခဲ့~ရင်ထဲက မ ကိုချစ်တဲ့စကားတွေလည်း~ငယ် ဘာကြောင့် ပြောဖို့ အခက်ကြုံနေတာလဲ~~"
အိမ်ပြောင်းလာတာ တစ်လတောင်မပြည့်သေးဘူး ဘေးအိမ်က ကလေးမလေးက လူကိုရိသဲ့သဲ့နဲ့နေ့တိုင်း လာကြောင်နေတာ။ ဘယ်လိုဟာလေးမှန်းကိုမသိဘူးရယ်။
"လာခဲ့...နင်ဒီကိုလာခဲ့စမ်း"
"အဟီး...မလာချင်ဘူး"
လူကြီးကခေါ်နေတာကို မလာချင်ဘူးတဲ့။စကားလည်းအတော်နားထောင်တာ။
"မ"
သူများတွေခေါ်သလို အမတို့ဘာတို့ခေါ်ရင် ဘာဖြစ်မှာကျနေတာဘဲ။ ကြက်သီးထစရာကောင်းအောင် မ လို့ တစ်လုံးထဲခေါ်နေတာ။ ဒီကလေးမ မရိုးကိုမရိုးဘူး။
"ငယ့်မေမေက မုန့်ဟင်းခါးပို့ခိုင်းလိုက်တာ မ စားဖို့တဲ့ မက မုန့်ဟင်းခါးမကြိုက်ဘူးမို့လား "
ဘာမှတောင်မပြောရသေးဘဲ သူ့အထင်ကိုဇွတ်ပြောနေတဲ့ကလေးမကို ထုရိုက်ချင်စိတ်တောင်ပေါက်တယ်။ ဘယ်လိုများဒီလူ မကြိုက်တာကို သိနေပြန်ရတာလဲ။
"စားစေချင်လို့လာပေးတာကို အားနာစရာကြီး ယူထားလိုက်မယ်ပေးဒီကို"
ဟော...ယူထားမယ်ဆိုကာမှ ချိုင့်ကို မပေးဘဲ စပ်ဖြီးဖြီးလုပ်နေတယ်။ဒီကလေးမလေးကြည့်ရတာ စိတ်မမှန်ဘူးလားမသိ။
"ဟီး...ငယ်လည်းမုန့်ဟင်းခါးစားချင်တာ မ နဲ့အတူစားမယ်လေနော်"
သူ့အိမ်ကချက်တဲ့မုန့်ဟင်းခါးကို ဒီအိမ်လာပြီးတကူးတက စားအုံးမယ်တဲ့။အကုန်အကျတွေများနေတော့မှာသူ့အိမ်တော့။ ဘယ်လိုတောင် ဉာဏ်ရောင်စုံတွေထွက်တဲ့ ရွှေဉာဏ်ပိုင်ရှင်ကြီးလား။
"ဘယ်လိုဟာလေးမှန်းကိုမသိဘူး လာခဲ့"
"ဘယ်လိုဟာလေးလဲဆိုတော့ ပြောရရင် ချစ်စရာလေးလေ မ'ရော မချစ်ဘူးလား"
"နင်ကိုယ့်အိမ်ကိုယ် ပြန်လိုက်တော့"
"အယ် မ'ကလည်း ငယ်က ချစ်လို့စတာကို"