She is my best friend...

174 10 0
                                    

She is my best friend...

Oneshot (gl)

အချစ်ကို လူပေါင်းများစွာက အဓိပ္ပာယ်ပေါင်းများစွာဖွင့်ဆိုကြသည်။တကယ်လည်း အဓိပ္ပာယ်ရှိတဲ့ ချစ်ခြင်းတွေ၊လှပတဲ့ချစ်ခြင်းတွေကလည်း ချစ်တဲ့သူတွေကြားမှာ တွေ့မြင်‌နိုင်တာဘဲလေ။

ကိုယ့်အတွက်တော့ အချစ်ဆိုသည့်အရာက နာကျင်စေတဲ့ အရာတစ်ခုလို့ အဓိပ္ပာယ်ဖွင့်ဆိုသည်။ တကယ်လည်း အချစ်က ကိုယ့်ကိုနာကျင်စေခဲ့တာကိုး။ နာကျင်ရတဲ့အချစ်တစ်ခုက အသိမှတ်ပြုမခံရတဲ့အချစ်။ ဒီထက်ပိုနာကျင်ရတာက အသိမှတ်ပြုခံရပေမယ့် တန်ပြန်ချစ်ခြင်းမရှိတဲ့အချစ်။ အနာကျင်ရဆုံးကတော့ အချစ်ဆုံးသူငယ်ချင်းကို ချစ်မိတဲ့ အချစ်။

_ _ _

ကျောင်းတော်ကြီးရဲ့အေးမြတဲ့အရိပ်အောက်မှာ ပူဆွေးမှုတို့နဲ့သာ အဆုံးသတ်ခွင့်ရှိတဲ့ ပုံပြင်လေးတစ်ပုဒ်အစပြုလေရဲ့။ အထက်တန်းကျောင်းကြီးရဲ့ ကျောင်းဆောင်လေးတစ်ခုက ၈တန်းစာသင်ခန်းထဲမှာ ဖြစ်တည်တဲ့တွေ့ဆုံမှု။လူပေါင်းများစွာထဲက ထူးခြားစွာသတိထားမိခဲ့တာက သူမရဲ့ကြည့်လဲ့နေတဲ့ မျက်လုံးဝိုင်းလေးတွေ။ ဂုတ်ဝဲဆံပင်တိုလေးနဲ့ မျက်နှာဝိုင်းဝိုင်းလေးက ချစ်ဖို့ကောင်းတဲ့ အလှတရားတစ်ခုဆိုတာကို သိရှိလိုက်တဲ့နောက် အကြည့်တွေက သူမလေးဆီက ဖယ်ခွာဖို့ ငြင်းဆန်လေရဲ့။ ငေးကြည့်‌နေ့ခဲ့မိတာ...။သူမလေးနဲ့ ရင်းနှီးဖို့မကြိုးစားရဲဘဲငေးကြည့်နေဖြစ်တာ...အချိန်ကာလအားဖြင့် တစ်နှစ်ကျော်။ နောက်စာသင်နှစ်တစ်ခုရဲ့ နှစ်၀က်စာမေးပွဲမှာ သူမလေးနဲ့ ရင်းနှီးခွင့်ရခဲ့သည်။ ဆုတောင်းကောင်းခဲ့တဲ့သူမလေးက အပြုံးချိုချိုလေးတွေနဲ့ အမှတ်ပေါင်းများစွာကို ခိုးယူသွားခဲ့တာ။ ကိုယ်တိုင်ကလည်း ပြောပြပေးချင်ခဲ့တာကြောင့်။ စာမေးပွဲနောက်ဆုံးနေ့bioမေးခွန်းလွှာမှာ သူမလေးက စာတစ်ကြောင်းရေးပေးလေရဲ့။အမြတ်တနိုးသိမ်းထားဖြစ်ခဲ့တဲ့ မေးခွန်းလွှာလေးမှာ သူမရဲ့ မလှမပ တွန့်ကွေးကွေးလက်ရေးလေးနဲ့ ရေးထားတာက...။

'ဆရာမကို ပြန်မတိုင်ရင် မုန့်၀ယ်ကျွေးမယ်‌'

အဲ့ဒီလိုနဲ့ ခင်မင်မှုတွေက နှစ်ယောက်ကြားမှာဖြစ်တည်လာလေရဲ့။ အဆင့်လိုက်နေရာခွဲတော့ ကံကောင်းစွာဖြင့် သူမလေးနဲ့ တစ်တန်းထဲထိုင်ခွင့်ရခဲ့တယ်။ လေးယောက်ထိုင်ခုံတန်းရှည်မှာ နှစ်ယောက်က ဟိုဘက်ထိပ်ဒီဘက်ထိပ်ထိုင်ခဲ့ရတာ။ဆရာမနေရာချပေးတဲ့အတိုင်းထိုင်တာလည်း တစ်ရက်နှစ်ရက်ထက်မပိုပါဘူး။ပြီးရင် ကိုယ်ထိုင်ချင်တဲ့နေရာပြောင်းထိုင်ကြတာလေ။ ထင်ခဲ့တာ...သူမလေးက သူငယ်ချင်းဟောင်းတွေနဲ့သွားထိုင်လိမ့်မယ်လို့။ဒါပေမယ့် မှန်းဆမှုကလွဲခဲ့လို့ သိပ်ပျော်ခဲ့တယ်။ သူမလေးကဘေးမှာလာထိုင်သည်လေ။အမြဲတမ်းသူမလေးနဲ့ တတွဲတွဲဖြစ်သွားတဲ့အခါမှသိလိုက်တာ သူမလေးကသိပ်ကိုချွဲနွဲ့တတ်တဲ့ကြောင်ဆိုးလေးဆိုတာ။ စကားနားမထောင်ဘဲတဇွတ်ထိုးထင်ရာလုပ်တတ်တဲ့ သူမလေးရဲ့အလွဲတွေကို စိတ်မဆိုးနိုင်ခဲ့ဘူး။ အချစ်တွေသာ ပိုလာခဲ့တာ။ သူမလေးကို ချစ်နေခဲ့တာ သူငယ်ချင်းတစ်ယောက်ဆိုတာထက်ပိုလွန်စွာပေါ့။ သူမလေးကလည်း ပြန်ချစ်ပေးခဲ့ပါတယ် သူငယ်ချင်းတစ်ယောက်လိုထက် မပိုနိုင်စွာပေါ့။

My Oneshot CollectionsWhere stories live. Discover now