Love you more than I can
Short story (part-2)
"နင် ငါ့ကို ချစ်လား"
ချစ်သူသက်တမ်း နှစ်နှစ်အတွင်းမှာ အကြိမ်ကြိမ်မေးဖြစ်ခဲ့တဲ့မေးခွန်း။ သူမက ရေရာတဲ့အဖြေမျိုးကိုပြန်မပေးခဲ့ဘူး။
"ငါနင့်ကို လိုအပ်တယ် ငါနင့်ဘေးမှာဘဲနေချင်တယ်...နင်ဘယ်လိုထင်လဲ ငါနင့်ကိုချစ်လို့အတူရှိချင်တာလား"
သေချာတာကတော့မုန်းရင် ဘယ်မှာ အတူရှိချင်ပါ့မလဲ အဲ့လိုဆိုရင် အတူရှိချင်တာက ချစ်လို့ပေါ့ အဖြေမှန်မဟုတ်မှန်းသိတယ်...ဒါပေမယ့် ကိုယ့်ကို ဒီလှပတဲ့အိမ်မက်လေးကို ဆက်မက်ခွင့်ပေးပါ...။ အတူဖန်တီးတဲ့ ပျော်စရာအမှတ်တရတွေမှာ မခံစားနိုင်လောက်တဲ့ နာကျင်မှုတွေ ကပ်တွယ်နေတယ်ဆိုတာ သိသိရက်နဲ့ ရှေ့ဆက်တိုးတာ ကိုယ်က မိုက်မဲတဲ့သူတစ်ယောက်မို့မဟုတ်ဘူး...သူမ ပျော်ရွှင်နေတာကို မြင်တွေ့နေတာမို့။
"ငါ့ကို ဂစ်တာတီးသင်ပေး"
ရင်ခွင်ထဲကို ၀င်လာပြီး အပြုံးချိုချိုလေးနဲ့ချွဲနွဲ့တဲ့အခါ ငြင်းဆန်နိုင်စွမ်းဆိုတာလည်း အလိုလိုကွယ်ပျောက်ရတာဘဲ။
"ဂစ်တာယူခဲ့"
သူမက ဂစ်တာကို ပိုက်ယူလာပြီး ရင်ခွင်ထဲကို၀င်လာပြန်တယ်။
"ငါကိုဒီလိုဘဲသင်ပေး မဟုတ်ရင်မသင်ဘူး"
မဖြစ်နိုင်တာတွေအတော်လုပ်တယ်...ဒါပေမယ့်လည်း ဒီအခြေနေလေးကို ကိုယ်တစ်ချိန်လုံးစိတ်ကူးယဉ်ခဲ့ရတာ။ ကိုယ်ကသာ သူမကို သေချာပြောပြသင်ပေးနေပေမယ့် သူမကတော့ စိတ်မ၀င်စားဘဲ ကိုယ့်ကိုမှီပြီး မျက်နှာပြင်အနှံကို လက်ညိုးလေးနဲ့တို့ထိဆော့ကစားနေရဲ့။ သင်လို့လည်း တတ်ဦးမှာ။
"နင်အာရုံမစိုက်ရင် တီးတတ်မှာမဟုတ်ဘူးနော်"
"ဂစ်တာကစိတ်၀င်စားစရာမကောင်းဘူး နင်က ပိုစိတ်၀င်စားစရာကောင်းတယ်"
လည်တိုင်ကို မှီတွဲပြီး အနမ်းမိုးတွေချွေတဲ့ သူမကို မတားမိတာ ကိုယ်မမှားလောက်ဘူးထင်တာဘဲ။ သိပ်ချစ်စရာကောင်းတဲ့သူမက ချစ်စရာကောင်းတဲ့အပြုမူလေးတွေနဲ့ကိုယ့်ကို လိုရာကြိုးဆွဲနိုင်မြဲ။သူမသာ စိတ်ချမ်းသာမယ်ဆိုရင် စေလိုရာစေပါ ကိုယ်က အမှုတော်ထမ်းဖို့အသင့်ဖြစ်နေတဲ့ သစ္စာရှိ စစ်သူကြီးလေ။