***မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော်***
မနက်မိုးလင်းတော့ Brightလည်း win Mike အတူလေဆိတ်မှာလာစောင့်နေတယ် winကတော့ အမြဲတမ်း Brightကိုစိုက်ကြည့်လိုက်တယ် Brightကမတည်မငြိမ် စိတ်လှုပ်ခြားသာကိုမြင်ရတယ် Brightက Kavin ကိုအရမ်းချစ်မှန်းသူသိတယ် winလည်းသက်ပြင်းချပြီး Brightဆီလျှောက်သွားပြီး Bright အတွက်ရေဘူးကိုလှမ်းပေးလိုက်တယ် Brightလည်း winပေးသာကိုရေဘူးယူပြီးသောက်လိုက်တယ်
"ကျေးဇူးပဲ" ပြောပြီးသူ့နာရီကိုကြည့်တော့ ၉နာရီထိုးဖို့၁၀မိနစ်ပဲလိုတော့တယ် Brightလည်းပြုံးလိုက်တယ် winလည်း Brightရဲ့ချစ်စရာကောင်းတဲ့မျက်နှာကိုကြည့်ပြီး ပြုံးနေတယ် ခဏအကြာ kavin ကသူ့အိတ်တစ်လုံးနဲ့ကိုက်ပြီး လက်ဝှေ့ယမ်းပြပြီးပြုံးနေတယ် Brightလည်းသူ့ချစ်သူကိုမြင်လိုက်တော့ သူ့ချစ်သူကိုပြေးဖက်ပြီး ပျော်လွန်းလို့မျက်ရည်ကျလာတယ် kavinလည်း Brightကိုမျက်နှာချင်းဆိုင်ပြီး Brightရဲ့မျက်ရည်ကိုညင်ညင်သာသာသုတ်ပေးလိုက်တယ် ပြီးတော့ Brightဆံပင်ကိုပွတ်သပ်ပြီးနံဖူးကိုအနမ်းပေးလိုက်တယ် ဒီမြင်ကွင်းကိုမြင်နေတဲ့ winကတော့သူအရမ်းနာကျင်သလိုခံစားရတယ် Mikeလည်းwinနာကျင်မှန်းသိပြီး winပခုံးပုတ်ပြီးအားပေးနေတယ် kavin နဲ့ Brightလည်းသူတို့ဆီလျှောက်လာခဲ့တယ် kavin လည်းသူ့ငယ်ချင်းကို ဖက်လိုက်တယ်
"မင်းတို့ကိုအရမ်းလွမ်းတယ်" kavin လည်းပြုံးပြီးပြောလိုက်တယ်
"ငါတို့ရောပဲမင်းကိုအရမ်းလွမ်းတယ် ဟုတ်တယ်မလားwin" Mikeက winကိုကြည့်ပြီးပြောတယ် winဘာမှပြန်မပြောခေါင်းညိတ်ရုံပဲ
"Win ငါပြန်လာသာမင်းမပျော်ဘူးလား" winလည်း kavin ကိုဒေါသတကြီးနဲ့ကြည့်နေတယ် Brightလည်း သူတို့ပြသနာဖြစ်တော့မယ်ဆိုသာသူကြိုသိပြီး
"ထမင်းသွားစားရအောင် ငါဗိုက်အရမ်းဆာတယ်" Brightကချစ်စရာကောင်းစွာ သူ့ဗိုက်ကိုပွတ်ပြီးပြောလိုက်တယ် winလည်း Brightလုပ်ရပ်ကိုကြည့်ပြီးပြုံးလိုက်တယ် kavinလည်းခေါင်းယမ်းပြီး သူ့ချစ်သူပုခုံးပေါ်လက်တင်ပြီး
"သွားကြရအောင်" ပြောပြီးသွားလိုက်တယ် winလက်သီးဆုတ်လိုက်တယ် 'kavinမင်းငါ့ကိုနာကျင်စေတယ် ငါမင်းကိုသတ်ပစ်မယ်' သူ့စိတ်ထဲမှာတွေးနေတယ် Mikeလည်း winလက်ကိုဆွဲသွားလိုက်တယ်

BẠN ĐANG ĐỌC
မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော် unicode + zawgyi
Fanfictionအရမ်းချစ်ဖို့ကောင်းတဲ့ကောင်လေကို မြင်မြင်ချင်းချစ်မိသွားတယ် ပြသနာကတော့ အဲ့ကောင်လေးက winငယ်ချင်းရဲ့ချစ်သူဖြစ်နေတယ် ဒါဆိုwinဆက်လုပ်မလဲ သူ့ငယ်ချင်းအတွက်နောက်ဆုတ်မလား ဒါမှမဟုတ်သူ့အတွက်ဖြစ်အောင်ရှေ့ဆက်မလား........ #winbright အရမ်းချစ်ဖို့ကောင်းတဲ့ကောင်လေ...