ep.9

47 2 0
                                        

          ***မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော်***

Brightလည်း သူထွက်ပေါက်ကိုရှာပေမယ့်လည်း ဘယ်နေရာမှထွက်လို့မရဘူး Brightလည်းမောပြီး ခဏအနားယူလိုက်တယ် win အဆက်မပြတ်ချောင်းဆိုးသံကြားရတော့ Brightလည်း winကုတင်နားလျှောက်သွားလိုက်တယ် ကြည့်ရသာ winကမိုးမိပြီး အဝတ်မလှဲဘူး သူ့နှုတ်ခမ်းလည်းဖြူဖက်နေတယ် သူ့မျက်နှာလည်းသွေးမရှိတော့သလိုပဲ Brightလည်း winနဖူးကိုစမ်းကြည့်တော့ သူ့အသားကမီးလိုပူနေတယ် Brightလည်းလန့်တယ် သူခုလိုလုပ်သာကစိတ်ပူလို့တော့မဟုတ်ဘူး လက်စားချေဖို့ကိုယ်ခဲ့သာလို့သူ့ကိုယ်သူပြောလိုက်တယ် Bright လည်းwinအတွက် အဝတ်ချွတ်ပေးပြီး လျှောက်တဲ့အဝဝ်ကိုဝတ်ပေးလိုက်တယ် Brightကမကြည့်တကြည့်နဲ့ အဝတ်လှဲပေးနေတာ နောက်ဆုံးတော့အဝတ်လှဲပေးပြီးပြီ အပြင်ထွက်မရတဲ့အတွက်ကြောင့် Brightလည်း win အခန်းထဲပတ်ပတ်လည်ကြည့်နေသာ အဖျားကျဆေးတွေ့တော့ Brightပြုံးပြီး ရေတစ်ခွက်နဲ့ ဆေးတစ်‌လုံးကိုယူလာပေးလိုက်တယ် ဆေးမသောက်ခင် ထမင်းအရင်စားရမယ်လေ Brightလည်းwinအတွက်အစားစာကိုရှာကြည့်ပြန်တယ် ကံကောင်းစွာပဲ စာပွဲခုံမှာ win အတွက်ဆန်ပြုတ်ရှိလို့ သူထမင်းမစားမှန်းသိသာတယ် 'မင်းကိုကူချင်လို့မဟုတ်ဘူး'စိတ်ထဲမှာတွေးလိုက်တယ် Brightလည်း ဆန်ပြုတ်ခွက်ကိုသွားရေပြီး နွေးအောင်မှုတ်ပေးပြီး winကိုနိုးလိုက်တယ်

"Win ထပြီးထမင်းစားပါအုံး" winလည်းသူ့မျက်လုံးကိုဖြည်းညင်းစွာဖွင့်ပေးတော့ Brightကိုမြင်ရသာ သူတကယ်မယုံချင်ဘူး ၊winလည်း Brightကိုဖက်လိုက်ပြီးငိုနေတယ်

"Bright မင်းငါ့နားလာတယ် မင်းငါ့ကိုမမုန်းတော့ဘူးလား" Brightလည်းသူ့လက်ကိုဖယ်လိုက်ပြီး သူ့ဘေးမှာထိုင်ချလိုက်တယ်

"မင်းကလူတွေကိုငါ့ကိုလာခေါ်ခိုင်းသာမလား၊ ကဲစကားမများနဲ့တော့ထမင်းစားပြီးဆေးသောက်ရအောင်"

"ငါဗိုက်မဆာဘူး"

"မဆာလည်းစားရမယ် မင်းအရမ်းပူနေတယ် မင်းဆေးမသောက်ရင်သေသွားနိုင်တယ်" winလည်းပြုံးပြီးbrightကသူ့ကိုမသေစေချင်သဘောနဲ့သူ့ကိုပျော်စေတယ်

"ဘာပြုံးနေလဲ မင်းကိုကူတယ်လို့မထင်နဲ့ မင်းအမြန်ကြီးအရင်မသေစေချင်လို့ မင်းကိုလက်စားချေပြီးမှမင်းသေနိုင်မှာကြားလား" winလည်းပြုံးပြီး ခေါင်းညိတ်လိုက်တယ်

မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော် unicode + zawgyi Onde histórias criam vida. Descubra agora