ep.2

86 3 0
                                    

           ***မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော်***

နောက်နေ့မနက် Brightကနိုးပြီး သူ့မျက်လုံးကိုပွတ်သပ်နေရင်း သူ့ဖုန်းမြည်လာတယ် သူ့ဖုန်းကြည့်တော့ သူ့ချစ်သူဆက်လာသာတွေ့တော့ သူ့မျက်နှာပေါ်ကအပြုံးတစ်ခုထွက်ပေါ်လာတယ် kavin ကခရီးထွက်သာ3ရက်ရှိပြီ သူ့ကိုဖုန်းမဆက်သလို စာလည်းမပြန်ဖူးဘူး Brightကတော့သူ့ချစ်သူကိုစိတ်ကောက်တယ် နှုတ်ခမ်းစူပြီး ဖုန်းကိုင်လိုက်တယ်

"ကလေး ဖုန်းမှာရှိနေလား" kavin စိုးရိမ်တကြီးနဲ့မေးတယ်

"ပြော" Brightစိတ်ကောက်တဲ့လေသံနဲ့ပြောလိုက်တယ် kavinသိပြီလေ သူ့ကလေးကသူ့ကိုစိတ်ကောက်နေတယ်ဆိုသာ kavinပြုံးပြီ

"ကလေးစိတ်မကောက်ရဘူးလေ သိ‌ရဲ့လားကိုယ်ကမင်းကိုအရမ်းလွမ်းတယ်ဆိုသာ မင်းကိုမဖက်အိပ်ရတဲ့နေ့ကကိုယ်မနေနိုင်ဘူး" ဝမ်းနည်းတဲ့လေသံနဲ့ပြောနေ

"အဲ့ဆိုဘာကြောင့်ဖုန်းမဆက်လာသလဲ ဘာလို့စာမပြန်သလဲ မင်းငါ့ကိုမေ့ပစ်ပြီလို့ငါထင်ခဲ့သာ" Brightလည်းဝမ်းနည်းစွာပြောလိုက်တယ်

"အို...အို...တောင်းပန်ပါတယ် ကိုယ်ဖုန်းကအဖေ့မှာမေ့ကျန်နေလို့ပါ ပြီးတော့အဖေကသူ့ငယ်ချင်းအိမ်မှာအနားယူသေးတယ် ကိုယ်ကတော့မင်းဆီမှာဖုန်းဆက်ချင်လို့သေတော့မယ်"

"တကယ်လား"

"တကယ်ပါ ကိုယ်ကမင်းကိုမလိမ်ဖူးဘူး ကလေးနားလည်တယ်နော် နောက်ဆိုကလေးမေ့ပစ်ပြီလို့မပြောနဲ့နော် ကိုယ်တကယ်မခံစားနိုင်ဘူး"

"အင်ပါ နောက်ဆိုမပြောတော့ဘူး" Brightပြုံးပြီးပြောလိုက်တယ်

"ကလေးကောင်းကဒီလိုဖြစ်ရမယ် ကိုယ့်ကိုယ်စောင့်ပါနော် နောက်လဆိုပြန်လာမယ် Brightကိုအရမ်းချစ်တယ်"

"ငါလည်းပဲမင်းကိုအရမ်းချစ်တယ် မင်းကိုပဲစောင့်နေမယ်" ပြောပြီးဖုန်းချလိုက်တယ် သူအလုပ်သွားဖို့အဝတ်လှဲပြီး ထွက်သွားလိုက်တယ် မနက်စာမစားရသေးတဲ့အတွက်ကြောင့် ကော်ဖီဆိုင်ထဲဝင်ပြီး ကော်ဖီကိုထိုင်သောက်ပြီး သူ့ဖုန်းကိုကြည့်လိုက်တယ် သူ့ချစ်သူနဲ့သူရိုက်ထားတဲ့ပုံကိုကြည့်ပြီးပြုံးလိုက်တယ် မိနစ်အကြာဝန်ထမ်းတစ်ယောက်က သူ့အတွက်ကော်ဖီလာချပေးတယ် Brightလည်းသူ့ကော်ဖီကိုငုံ့သောက်ပြီး ဖုန်းကိုဆက်ကြည့်နေသေးတယ် ရုတ်တရက်လူတစ်ယောက်ကသူ့နားလာထိုင်ဖို့ခွင့်တောင်းလိုက်တယ်

မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော် unicode + zawgyi Donde viven las historias. Descúbrelo ahora