ep.12

53 2 0
                                        

***မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော်***

ဒီနေ့လည်း win Bright ရဲ့မင်္ဂလာဆောင်မယ့်ရက်ရောက်လာခဲ့ပါပြီ Bright ငယ်ချင်းရော win ငယ်ချင်းအပါအဝင်တက်ရောက်လာကြတယ် Bright ရဲ့အမေဖြစ်သူလည်း သားဖြစ်သူရဲ့အပျော်ဆုံးနေ့ရောက်လာတော့သူလည်းလိုက်ပျော်တယ် ဝမ်းလည်းနည်းတယ် ငိုတယ် ယောင်္ကျားဖြစ်သူလည်းသူ့ကိုဖက်ပြီး နှစ်သိမ့်ပေးလိုက်တယ် အဲ့ပွဲကမတက်ရောက်ခဲ့တာ tine နဲ့ min ပဲကျန်သူငယ်ချင်းအကုန်တက်ခဲ့တယ် နောက်၁၅,မိနစ်အကြာတော့ အားလုံးရဲ့မျက်လုံးက Brightနဲ့Winနားရောက်သွားတယ် winကပြုံးပြီး Brightလက်ကိုတင်းကြပ်ဆုပ်ကိုင်ထားတယ် Brightမျက်နှာပေါ်မှာကအပြုံးမရှိ

"ပြုံးပါ မင်းမပြုံးရင်အားလုံးသံသယရှိလိမ့်မယ်" winက Brightနားတိုးကပ်ပြီးပြောလိုက်တယ် Brightကလည်းချက်ချင်းပြုံးလိုက်တယ် နှစ်ယောက်လုံးပြုံးပြီးဆင်မြင့်ပေါ်မှာတက်သွားလိုက်တယ် Brightကသူ့အမေကိုကြည့်ပြီးပြုံးလိုက်တယ် မျက်ရည်လည်းကျတယ် winလည်းသူ့ချစ်သူမျက်ရည်ကျသာမြင်တော့စိတ်မကောင်းဖြစ်ရတယ် Brightမျက်ရည်ကိုသုတ်ပေးလိုက်နယ် ပြီးတော့ Brightရှေ့မှာဒူးထောက်လိုက်တယ် Brightနည်းနည်းအံဩသွားလိုက်တယ် winလည်းသူ့ချစ်သူလက်ကိုကိုင်ပြီး သေတ္တာသေးသေးလေးကို သူ့အိကျီကပ်ထဲယူထွက်ပြီး ဖွင့်လိုက်တယ် အားလုံးမြငါသာကမယုံချင်စရာပဲ အရမ်းဈေးကြီးတဲ့လက်စွပ်ဖြစ်ပါတယ် အရမ်းလည်းလှတယ် သူက Brightလက်ပေါ်မှာ လက်စွပ်ကိုစွတ်ပေးလိုက်တယ် ပြီးတော့ Brightရဲ့လက်ကလေးကိုနူးညံ့စွာနမ်းလိုက်တယ် Brightလည်းပြုံးတယ် winကိုမတ်သပ်ရပ်ဖို့ winလက်ကိုဆွဲလိုက်တယ် အောက်ကလူကလည်းသူတို့အတွက်လက်ခုပ်တီးပေးလိုက်ပြီး 'နမ်းပါ'လို့အော်ကြတယ် Brightနည်းနည်းတုန်လှုပ်သွားတယ် winပြုံးပြီး Brightခါးကိုဆွဲလိုက်ပြီး သူတို့နီးကပ်ကြတယ် winလည်း Brightရဲ့နှုတ်ခမ်းကိုလက်တစ်ဖက်နဲ့ပွတ်သပ်လိုက်တယ်

"ငါမင်းကိုချစ်တယ် Bright ငါမင်းကိုအမြဲချစ်နေမှာပါကလေးရယ် သက်ဆုံးတိုင်အထိဒီကောင်က ဒီဘဲကလေးကိုပဲချစ်မယ် ဘယ်သူ့ကိုမှမချစ်နိုင်ဘူး" winပြောပြီး Brightနှုတ်ခမ်းကိုအငမ်းမရနမ်းလိုက်တယ် Brightအသက်ရှူမဝတဲ့အတွက် winကိုအနည်းငယ်ပုတ်လိုက်တယ် winနားလည်တဲ့အတွက် နှုတ်ခမ်းကိုစုပ်ယူပြီး လွှတ်ပေးပြီး Brightရှက်နေသာကိုမြင်ရတယ်

မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော် unicode + zawgyi Место, где живут истории. Откройте их для себя