***မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော်***
ဒီနေ့လည်း kavin ရဲ့ ဈာပနာလုပ်ပေးရမယ့်နေ့ရောက်ပါပြီ kavin ရဲ့အဖေနဲ့အမေလည်း သူတို့သားတကယ်သေပြီဆိုသာမယုံချင်သေးဘူး အမေဖြစ်သူက သားဖြစ်သူသေသွားသာကိုမြင်ရတော့နာကျင်တယ်အရမ်းနာကျင်တယ် ဘယ်သူကသူတို့သားကိုသတ်လည်းဆိုသာသူတို့မသိဘူး winသတ်တယ်လို့ပြောကြပေမယ့် kavinရဲ့မိဘကမယုံချင်ဘူး win kavin ကငယ်ငယ်ကတည်းကအတူကစားသာ ရန်ဖြစ်မယ်ဆိုလည်းခဏသာရန်ဖြစ်တယ် ရန်ဖြစ်သာလည်းဆိုးဆိုးဝါးဝါးရန်ဖြစ်ကြသာမဟုတ်ဘူး kavinရဲ့မိဘတော့ winကသူတို့သားကိုသတ်တယ်လို့မယုံသာသေချာပါတယ် သူတို့သားကဘယ်သူသတ်ခဲ့လည်းဆိုသာကိုအမှန်တကယ်ရှာဖွေရမယ် သူတို့ကwinနဲ့ပူပေါင်းရမယ်လေ သူတို့သားကိုအလကားမသေစေရဘူး
Brightကတော့သူ့ချစ်သူပုံကိုဖက်ထားရင်းသူ့မျက်ရည်မကျအောင် သူ့မျက်ရည်ကိုထိန်းထားရတယ် kavinဒီလိုအစောကြီးသူ့ကိုထားခဲ့မယ်လို့သူမယုံချင်သေးဘူး Brightကတော့ kavin မရှိကတည်းကသူ့ချစ်သူကိုလွမ်းပြီးအမြဲငိုနေတယ် သူမငိုချင်ပေမယ့် မျက်ရည်ကထိန်းမရဘူးဖြစ်နေတယ် ဒီနေ့တော့ kavinမကြိုက်သာသူမလုပ်သင့်ဘူး သူပြုံးနေရမယ် သူ့ချစ်သူရှေ့မသွားနိုင် နောက်မမေ့နိုင်မဖြစ်စေချင်ဘူး သူရင့်ကျက်အောင်လုပ်ရမယ် ကလေးလိုအရင်လိုအငိုလွယ်မဖြစ်စေရတော့ဘူး သူ့ချစ်သူတောင်းဆိုအတိုင်းလုပ်တယ် ဒါပေမယ့်တစ်ခုတော့ သူ့ငယ်ချင်းကိုမခွင့်လွှတ်ပေးနိုင်ဘူး kavin နာကျင်သလိုသူလည်းခံစားရမယ်လေ
Winလာချင်ပေမယ့် Brightကသူ့ကိုမတွေ့ချင်ဘူး သူလည်း လူအကုန်ပြန်မှ သူ့ငယ်ချင်းကိုသွားပြီးစကားပြောတယ် သူဘာမှမလုပ်နိုင်ဘူး ဘယ်သူမှမယုံပေမယ့် ကံကောင်းစွာနဲ့ပဲ kavinရဲ့မိဘကသူ့ကိုအပစ်မပြောတဲ့အပြင် ကြောင်းအမှန်ကိုအတူရှာဖွေပြီးပူးပေါင်းကြမယ်လို့သိရတော့ သူဝမ်းသာလို့မဆုံးဘူး
"Kavin အေးချမ်းစွာအိပ်စက်ပါ မင်းနောက်မှာစိတ်ပူစရာမလိုဘူး မင်းချစ်သူရော မင်းမိဘရော ငါ့အသက်နဲ့လှဲပြီးငါကာကွယ်ပေးမယ် မင်းအပေါ်ရက်စက်တဲ့လူကို မင်းထက်ပိုပြီးနာကျင်ရမယ်" winမျက်ရည်ဝဲပြီးပြောလိုက်တယ် winလည်းကိုချင်စိတ်ပိုတိုးလာတယ် သူကအရင်ကတစ်ကိုယ်ကောင်းဆန်မဖြစ်သင့်ဘူး kavinကမသေသင့်ဘူး သူသင့်သာ အဲ့နေ့ကသူ့မျက်လုံးထဲမှာမြင်ရသေးတယ် အဲ့ဒီခွေးကောင်က သူ့ကိုသတ်ဖို့ကြံတယ် ပြီးတော့ kavinကသူ့အစားလာခံပေးသာမြင်ရတယ်winလည်းမျက်လုံးမှိတ်ပြီးခေါင်းခါလိုက်တယ် အဲ့ကနေသူအမြန်ထွက်သွားဖို့လိုတယ် တစ်လမ်းလုံးလမ်းလျှောက်နေရင်း သူ့မျက်ရည်အဆက်မပြတ်ကျလာတယ် မိုးလည်းအရမ်းရွာနေသာကြောင့် လူတစ်ယောက်ကသူ့အတွက် ထီးနဲ့လာကာပေးတယ် winလည်းမျက်လုံးအနီနဲ့သူ့ကိုထီးလာကာပေးတဲ့လူကို Brightဖြစ်ပါစေလို့ဆုတောင်းပေမယ့်လည်း သူဆုတောင်းမပြည့်ခဲ့ဘူး
VOUS LISEZ
မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော် unicode + zawgyi
Fanfictionအရမ်းချစ်ဖို့ကောင်းတဲ့ကောင်လေကို မြင်မြင်ချင်းချစ်မိသွားတယ် ပြသနာကတော့ အဲ့ကောင်လေးက winငယ်ချင်းရဲ့ချစ်သူဖြစ်နေတယ် ဒါဆိုwinဆက်လုပ်မလဲ သူ့ငယ်ချင်းအတွက်နောက်ဆုတ်မလား ဒါမှမဟုတ်သူ့အတွက်ဖြစ်အောင်ရှေ့ဆက်မလား........ #winbright အရမ်းချစ်ဖို့ကောင်းတဲ့ကောင်လေ...
