ep.10

51 2 0
                                    

          ***မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော်***

Winစကားကြောင့် Brightတုန်လှုပ်သွားတယ် ဒေါသလည်းထွက်တယ် Brightလည်းလက်သီးဆုပ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်တယ် သူဒေါသမထွက်အောင် သူ့စိတ်ကိုမနည်းထိန်းထားရတယ် Brightလည်း winမျက်နှာကိုကြည့်ပြီးလေးလေးနပ်နပ်ပြောလိုက်တယ်

"ငါမင်းနဲ့မလက်ထပ်နိုင်ဘူး" Brightလေးနက်စွာပြောပြီး သူတိုင်တဲ့နေရာကိုထသွားလိုက်တယ် သူထွက်သွားချင်ပေမယ့် winရဲ့လူကသူ့ကိုသွားခွင့်မပေးဘူး

"မင်းငါနဲ့မလက်ထပ်ရင် မင်းလည်းဒီကနေထွက်သွားလို့မရဘူး၊ ငါကမင်းကိုကာကွယ်ပေးချင်လို့ငါနဲ့လက်ထပ်ခိုင်းသာ"

Brightလည်းမှဲ့ပြုံးလိုက်တယ်"ဟုတ်လား မင်းလိုလူဘယ်သူကိုကာကွယ်ပေးနိုင်မလဲ မင်းကိုယ့်ကိုရအောင်ကယ်သင့်တယ် ငါ့ကိုလာကာကွယ်ပေးစရာမလိုဘူး"

Winသက်ပြင်းချပြီး"Bright မင်းခေါင်းသိပ်မမာစမ်းပါနဲ့ကွာ ငါနားလည်တယ်မင်းကငါ့ကိုမုန်းတယ်ဆိုသာ ဒါပေမယ့် kavin အတွက်မင်းငါနဲ့လက်ထပ်ရမယ်"

"Kavin"

Winခေါင်းညိတ်ပြလိုက်တယ်"ဒီမှာ kavin မသေခင်မင်းကိုပေးဖို့ငါ့ကိုပေးခိုင်းတာ" winလည်းအသံနားထောင်စက်ကို Bright ကိုပေးလိုက်တယ် Brightလည်းအမြန်ယူပြီး ဆိုဖာပေါ်ပြန်ထိုင်ပြီး စက်ကိုဖွင့်လိုက်တယ်

📽️📽️📽️ Hello Bright မင်းငါ့စကားကိုကြားရသာ ငါမရှိလောက်တော့ပါဘူး ဒါပေမယ့်ငါမင်းကိုပြောပြချင်ပါတယ် ငါမရှိတဲ့အချိန် ငါ့ကိုသတိမရပါနဲ့ မလွမ်းပါနဲ့ ငါမင်းကိုချစ်တယ်ဆိုသာကိုလည်းမမေ့သွားပါနဲ့ ငါမင်းကိုပြောချင်သာက ငါမရှိတဲ့အချိန်ဆိုရင် မင်း winနဲ့နေစေချင်တယ် သူ့ကိုယုံကြည်စေချင်တယ် မင်းကိုငါwinနဲ့ထားမှစိတ်ချမှာ သူကမင်းကိုချစ်မှန်းငါသိပါတယ် မင်းကိုကာကွယ်ပေးနိုက်မယ်လို့ယုံကြည်ပါတယ် မင်းလည်းငါမရှိတဲ့ချိန် winနဲ့အတူနေရင် မင်းလည်းသူ့ကိုချစ်လာမယ်လို့ငါယုံတယ် နောက်ဆုံးတစ်ခွန်းငါမင်းကိုတောင်းချင်ပါတယ်ကလေး ဖြစ်နိုင်ရင် winနဲ့လက်ထပ်လိုက်ပါနော် မင်းwinနဲ့လက်ထပ်ရင် ငါသေသွားလည်းစိတ်အေးပြီး အေးချမ်းတဲ့နေရာကိုရောက်လိမ့်မယ် ကိုမရတော့ဘူးကလေး ကိုယ်အတွက်နောက်ဆုံးတစ်ခွန်းလေးကိုရအောင်လုပ်ပေးပါနော် ကလေးကိုအရမ်းချစ်တယ်📽️📽️

မင်းကိုသိပ်ချစ်မိတဲ့ကျွန်တော် unicode + zawgyi Tahanan ng mga kuwento. Tumuklas ngayon